ပြည်သူ့အကျိုးပြုစီမံကိန်းများရေးဆွဲရာတွင် သုတေသန ရလဒ်များကို အခြေခံရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆွေးနွေး
ပြည်သူ့အကျိုးပြုစီမံကိန်းများရေးဆွဲရာတွင် သုတေသန ရလဒ်များကို အခြေခံရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆွေးနွေး
နေပြည်တော်၊၁၀-၇-၂၀၁၇ရက်နေ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် EthicalReviewBoard ၏ ပထမဆုံးအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
ပါသည်။
ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၏ Research and Development Center ကိုဖွင့်လှစ်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် Ethical Review Board ညှိနှိုင်းအစည်းအဝေးကို ပထမဆုံး အကြိမ် ကျင်းပနိုင်ခြင်းဖြစ်တဲ့အတွက် များစွာ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ဝန်ကြီးဌာနကချမှတ်ထားသောမူဝါဒများကိုပိုမိုထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သုတေသန နယ်ပယ်များဖော်ထုတ်ခြင်း၊ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာန၏ ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများကိုပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊သုတေသနပြုလုပ်ခြင်း
ဖြင့်ဝန်ကြီးဌာနက လိုအပ်သောဥပဒေများ၊ စီမံချက်များရေးဆွဲရာတွင်အခြေမြစ်ခိုင်မာသောသုတေသနရလဒ်များကို
အသုံးပြုနိုင်ပြီး ဝန်ဆောင်မှုများကိုထိရောက်စွာ ဆောင်ရွက် နိုင်မည် ဖြစ်ပါကြောင်း၊ Ethical Review Board အဖွဲ့ဝင်များအနေဖြင့်လည်းဝန်ကြီးဌာနကဆောင်ရွက်ရမည့်လုပ်ငန်းများကိုထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ရေး
အတွက် အသေးစိတ် အကြံပြုဆွေးနွေးပေးကြစေလိုပါကြောင်းပြောကြားပါသည်။
အစည်းအဝေးသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ
နှင့် သုတေသနစာတမ်းရှင်များတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။