အာဆီယံဒေသတွင်းနိုင်ငံများတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို တရုတ်၊ ဂျပန်နှင့် ကိုးရီးယားပြည်သူ့သမ္မတနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေး ကျင်းပ

နိုဝင်ဘာ ၂၂၊ လာအို
    လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် ယနေ့ကျင်းပပြုလုပ်သော (၆) ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားပြည်သူ့သမ္မတ နိုင်ငံများမှ သက်ဆိုင်ရာဝန်ကြီးများ၏ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ပါဝင် ဆွေးနွေးခဲ့ပါသည်။
    အာဆီယံ+၃ နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန် ၊ကိုရီးယားပြည်သူ့သမ္မတနိုင်ငံများမှ  ဆွေးနွေးရာတွင် ဂျပန်နိုင်ငံအနေဖြင့် အာဆီယံဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍ လူမှုဝန်ထမ်း လုပ်ငန်းရပ်များ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများ၊လူတိုင်းအကျုံးဝင် မသန်စွမ်းသူများ ဖွံ့ဖြိုးရေးဆိုင်ရာ ရပ်ရွာအခြေပြုလုပ်ငန်းများ၊ မသန်စွမ်းများအတွက် အလုပ်အကိုင်အခွင့်အလမ်း များ ဖော်ဆောင်ရန်သင်တန်းများ ရရှိရေး၊ အာဆီယံဒေသတွင်းနိုင်ငံများရှိ လူမှုဝန်ထမ်းလုပ်ငန်း ရပ်များအား လေ့လာ၍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
     တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်း၍ မဲခေါင်- လန်ချန်း လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ၊ လူငယ်များလေ့လာရေးနှင့် အတွေ့အကြုံ ဖလှယ်ရေး အစီအစဉ်များ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊
    ကိုရီးယားပြည်သူ့သမ္မတနိုင်ငံအနေဖြင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်း၊ စေတနာ့ဝန်ထမ်းလူငယ်များလုပ်အားပေးအစီအစဉ်နှင့် သက်ကြီးရွယ်အိုဆိုင်ရာ သုတေသနလုပ်ငန်း များအား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံ+၃ နိုင်ငံများအနေဖြင့် အာဆီယံနိုင်ငံ များဆိုင်ရာ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၂၀၂၀-၂၀၂၅ ပါ လုပ်ငန်းရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့်လူသားအရင်းအမြစ်၊ နည်းပညာ၊ ငွေကြေး များ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဆွေးနွေးရာတွင် အာဆီယံ+၃ နိုင်ငံများအနက် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် မဲခေါင်-လန်ချန်း လူငယ်တွေ့ဆုံပွဲအစီအစဉ်နှင့် အာဆီယံခေါင်းဆောင်မှုသင်တန်းများဖြစ်ပါကြောင်း၊ (၁၈.၉.၂၀၁၈) ရက်နေ့တွင် မြန်မာ-တရုတ် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး စီးပွားရေးတွင်သာမက လူမှုရေးလုပ်ငန်းများတွင်လည်း အနာဂတ်တွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် နားမကြားသူများအတွက် လက်သင်္က࿿တေပြ ဘာသာစကားဖွံ့ဖြိုးမှုအတွက် JICA နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများတွင် လည်း နည်းပညာပံ့ပိုးကူညီလျက်ရှိပါကြောင်း၊ ကိုရီးယားပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံ အကြားတွင် အပြည်ပြည်ဆိုင်ရာကိုရီးယားပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KOICA)နှင့် Korea University Council for Social Service (KUCSS) တို့ ပူးပေါင်း၍ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းလူငယ်များ လာရောက်၍ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လူမှုရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများတွင် အရည်အချင်းပြည့်ဝသော ဝန်ထမ်းများ ပိုမိုရရှိစေခြင်း၊လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်း တည်ထောင်ဖွင့်လှစ်ခြင်း၊ လူမှုရေးဝန်ဆောင်မှု သတင်းအချက်အလက်စနစ် တည်ထောင်ခြင်းနှင့် Joint Training များ ဆောင်ရွက်ခြင်းတို့ကို အာဆီယံ + ၃ နိုင်ငံများနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    အစည်းအဝေးတွင် အာဆီယံ+၃ နိုင်ငံများဖြစ်သော တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံများမှ သက်ဆိုင်ရာဝန်ကြီးများကို တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter