ဒုတိယဝန်ကြီး ဦးစိုးအောင်က မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် Mr. Toshio Nishimura အား လက်ခံတွေ့ဆုံ

ဒီဇင်ဘာလ ၁၀၊ နေပြည်တော်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ နာဂိုယာမြို့တွင် မြန်မာနိုင်ငံအစိုးရမှ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် Mr.Toshio Nishimura ဦးဆောင်သောအဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
    တွေ့ဆုံရာတွင် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ပညာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများအား ပိုမိုထိရောက်စွာနှင့် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက်မကြာသေးမီက နာဂိုယာဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းအား ဖွဲ့စည်းဆောင်ရွက်ခဲ့မှုများ၊ နာဂိုယာမြောက်ပိုင်းဒေသများတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များအတွက် Drone Team ဖွဲ့စည်း၍ စီမံဆောင်ရွက်နေမှုများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များတွင် အသုံးပြုနိုင်သော Drone များအား သုတေသနပြုလုပ်၍ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်နေမှုများနှင့် မြန်မာနိုင်ငံသဘာဝ ဘေးစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များတွင် အသုံးပြုနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက် နိုင်မည့်အခြေအနေများ၊ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာမျှဝေပေးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter