အမျိုးသမီးစောင့်ရှောက်ရေး အသက်မွေးဝမ်းကျောင်းလုပ်ငန်း ထောက်ပံ့ရေး စီမံချက်ရေးဆွဲ နိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
ဇန်နဝါရီ ၁၅ ၊ နေပြည်တော်
အမျိုးသမီးစောင့်ရှောက်ရေး အသက်မွေးဝမ်းကျောင်းလုပ်ငန်းထောက်ပံ့ရေး စီမံချက် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် (၃၁.၁.၂၀၁၈) ရက်နေ့တွင် အသစ်ဖွဲ့စည်းခဲ့သည့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန် (၁၀) ရပ်တွင် အမျိုးသမီးပြန်လည်ထူ ထောင်ရေးလုပ်ငန်းလည်း ပါဝင်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ အမျိုးသမီးများပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် ရပ်ရွာအခြေပြု စောင့်ရှောက်ရေးလုပ်ငန်းများတွင် အသက်မွေးဝမ်းကျောင်းသင်တန်း များဖွင့်လှစ်ပေးခြင်းနှင့် အမျိုးသမီစောင့်ရှောက်ရေးအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းထောက်ပံ့ပေးခြင်း တို့ပါဝင်ပါကြောင်း၊ ဝန်ကြီးဌာနအနေနဲ့ အမျိုးသမီး ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုး ကြောင့် မိသားစု၊ ရပ်ရွာအဖွဲ့အစည်းများမှာ ပါဝင်ဆောင်ရွက်နိုင်မှုမရှိသည့် အမျိုးသမီး၊ မူးယစ်ဆေး နှင့် လူကုန်ကူးခြင်းတို့၏ သားကောင်ဖြစ်ရသည့် အမျိုးသမီးများ အကြောင်း အမျိုးမျိုးကြောင့် တရားဥပဒေ၏ အပြစ်ပေးခြင်းကိုခံရသည့် အမျိုးသမီးတွေအတွက် အဓိကထား ဆောင်ရွက် နေပါကြောင်း၊ ခွင့်ပြုဘတ်ဂျက်ကို ထိရောက်စွာအသုံးပြုနိုင်ရေးအပြင် ရေရှည်အကျိုးပြုသည့် အမျိုးသမီးများပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တစ်ရပ် ချမှတ် ဆောင်ရွက်နိုင် ရေးအတွက် စီမံချက်ရေးဆွဲနိုင်ရန် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ ပါသည်။
ဆက်လက်ပြီး အကြိုညှိနှိုင်းအစည်းအဝေး တက်ရောက်လာသူများမှ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည် ထူထောင်ရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်များ၊ ဝန်ဆောင် မှုတို့ကို ရှင်းလင်းတင်ပြကြပြီး ရေရှည်တည်တံ့နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် အရေးကြီး သော အထောက်အထားအခြေပြု သတင်းအချက်အလက်များရရှိနိုင်ရန် ဆန်းစစ်လေ့လာ ခြင်း၊ အကဲဖြတ်သုံးသပ်ခြင်းနှင့် စမ်းသပ်စီမံကိန်းများ ဆောင်ရွက်နိုင်ရေး၊ ဦးတည်အုပ်စုများ ရွေးချယ်သတ်မှတ်နိုင်ရေး၊ ထောက်ပံ့ပေးသင့်သည့် ပြန်လည်ထူထောင်ရေးအစီအစဉ်များ၊ မသန်စွမ်းအမျိုးသမီးနှင့် စစ်ဘေးရှောင် စခန်းများရှိ အမျိုးသမီးများအတွက် ထည့်သွင်းစဉ်းစား ရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
အကြိုညှိနှိုင်းအစည်းအဝေးသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန် ထမ်းဦးစီးဌာန၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီတွင်ပါရှိသော ရင်ခွင့်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအမျိုး သမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ကျား၊ မရေးရာတန်းတူညီမျှရေး ကွန်ရက်၊ UN Women ၊ မှော်ဘီလူမှုစောင့်ရှောက်ရေးဌာန တို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်းသတင်းရရှိပါသည်။