လူမှုရေးဆိုင်ရာ သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် (Social Management Information System- SMIS) ဆောင်ရွက်မည့်ကိစ္စနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇွန်လ ၄ ရက်
မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာစီမံချက်တွင် ပါဝင်သော အဓိကလုပ်ငန်းများအနက်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT) ၊ လူမှုရေးပင်စင် (Social Pension)နှင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများ (Case Management) တို့နှင့်ပတ်သက်၍ လူမှုရေးဆိုင်ရာ သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် (Social Management Information System- SMIS) ဆောင်ရွက်မည့်ကိစ္စနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ယနေ့နံနက် (၁ဝးဝဝ)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေး၌ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က လူမှုရေးဆိုင်ရာ သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ် (Social Management Information System- SMIS) တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်၊ စတင် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ရှေ့ဆက် ဆောင်ရွက်မည့်အစီအစဉ်တို့အား Power Point Presentation ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး မှ လိုအပ်သည်များဖြည့်စွက်လမ်းညွှန်မှာကြားကာ အစည်းအဝေးအား (၁၂:ဝဝ)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး၊ ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်၊ ညွှန်ကြားရေးမှူး ဒေါ်နန္ဒာနွယ်ဟန်နှင့် သက်ဆိုင်ရာအရာထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။