လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီဝန်ထမ်းမိသားစုအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

၂၄-၆-၂၀၂၁၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီဝန်ထမ်းမိသားစုအားကစားပြိုင်ပွဲကိုယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာသက်သက်ခိုင်၊ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာန(၃)ခုမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကစားသမားများတက်ရောက်ခဲ့ကြပြီး ဦးစွာပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီးအားကစားသစ္စာဓိဌာန် (၄)ချက်ကိုရွတ်ဆိုခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင်အားကစားပြုလုပ်မှသာကျန်းမာကြံ့ခိုင်မှုရှိမည်ဖြစ်ကြောင်း၊အလွယ်ကူဆုံးအားကစား(၂)ခုမှာလမ်းလျှောက်ခြင်းနှင့် ပြေးခြင်းဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများပြုလုပ်ခြင်းမှ ဗလငါးတန်ဖွံ့ဖြိုးမှုနှင့်အတူစိတ်ဓါတ်မြှင့်တင်ရေးဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ အားကစားနှင့်ပတ်သက်ပြီးသက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် အားပေးဆောင်ရွက်ခြင်းဖြင့် အားကစားကဏ္ဍတိုးတက်အောင်ဆောင်ရွက်စေလိုကြောင်းဖြင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကတိုက်တွန်းမှာကြားထားရှိပါကြောင်း၊ အားကစားပြိုင်ပွဲမှာဝန်ကြီးဌာနအတွင်းဝန်ထမ်းများကျန်းမာကြံ့ခိုင်စေရန်၊စည်းလုံးညီညွတ်စေရန် ရည်ရွယ်ချက်ဖြင့်ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများကျင်းပခြင်းကြောင့်ဝန်ထမ်းများအနေဖြင့်ပျော်ရွှင်မှု၊ အားကစားစိတ်ဓါတ်၊ အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်လိုတဲ့စိတ်များကိုရရှိလာမှာဖြစ်ပြီးလုပ်ငန်းတာဝန်နဲ့ဝတ္တရားများကိုကိုယ်စိတ်နှစ်ပါးကျန်းမာကြံ့ခိုင်စွာနဲ့ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါးဆိုသည့်ဆိုရိုးစကားနှင့်အညီမကျန်းမာပါကမိမိတို့လုပ်ငန်းဆောင်တာများကိုစွမ်းရည်ရှိသလောက်မထမ်းဆောင်နိုင်မှာဖြစ်သည့်အတွက် ဝန်ထမ်းများအားလုံးကျန်းမာကြံ့ခိုင်ရန်အားကစားနည်းတစ်မျိုးမျိုးကိုအချိန်ပေးလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါကြောင်း၊ ယခု(၂၄-၆-၂၀၂၁)ရက်နေ့မှ (၃၀-၆-၂၀၂၁)ရက်နေ့အထိကျင်းပသည့့် အားကစားပြိုင်ပွဲသည်အမျိုးသားများအတွက် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်အမျိုးသမီးများအတွက် ထုတ်စည်းတိုးပြိုင်ပွဲများထည့်သွင်းကျင်းပခြင်းဖြစ်ပြီးဝန်ကြီးရုံးနှင့်ဦးစီးဌာနများမှ အမျိုးသားအသင်း (၇)သင်းနှင့်အမျိုးသမီးအသင်း (၄)သင်းပါဝင် ယှဉ်ပြိုင်သည်ဟုသိရကြောင်း၊ ဝန်ကြီးဌာနအားကစားကော်မတီအနေဖြင့်အနိုင်ရသည့် အသင်းကိုဆုဖလားနှင့်အတူဆုကြေးငွေအဖြစ် ပထမဆု (၃)သိန်း၊ ဒုတိယဆု (၂)သိန်း၊ တတိယဆု(၁)သိန်းနှင့်နှစ်သိမ့်ဆုရတဲ့အသင်းများကိုကျပ်(၅)သောင်းစီချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ဒီပြိုင်ပွဲကနေထူးချွန်တဲ့အားကစားသမားတွေကိုရွေးထုတ်ပြီးလာမည့်ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲတွင်မိမိတို့ဝန်ကြီးဌာနကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင် စေမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲများမှာအစဉ်အလာကောင်းများရှိခဲ့သည်နှင့်အညီယခုပြိုင်ပွဲတွင်လည်းမိသားစုစိတ်ဓါတ်၊ အဖွဲ့အစည်းစိတ်ဓါတ်၊ အားကစားစိတ်ဓါတ်အပြည့်ဖြင့်ကြိုးကြိုးစားစားပါဝင်ယှဉ်ပြိုင်ကြပါလို့တိုက်တွန်းလိုကြောင်းပြောကြားခဲ့ပြီးအားကစားသမားများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကာပြိုင်ပွဲတွင် ဖွင့်ပွဲအဖြစ် ဝန်ကြီးရုံးအသင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနအသင်းတို့၏အမျိုးသမီးထုတ်စည်းတိုးပြိုင်ပွဲနှင့်အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲများယှဉ်ပြိုင်ကစားခဲ့မှုကိုပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိပါသည်။
 

FacebookTwitter