ရွှေဘိုမြို့နယ်အမျိုးသမီးကော်မတီးအစည်းအဝေးကျင်းပ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ၂၉.၆.၂၀၂၁
(၂၉.၆.၂၀၂၁)ရက်နေ့တွင် ရွှေဘိုမြို့နယ် အမျိုးသမီးကော်မတီအစည်းအဝေးအား မြို့နယ်စီမံအုပ်ချုပ်ရေးရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဝင် (၁၁)ဦး တက်ရောက်ခဲ့ပါသည်။အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌကိုယ်စား တာဝန်ရှိသူ တစ်ဦးမှအဖွင့်အမှာစကားပြောကြားခြင်းကော်မတီအတွင်းရေးမှူးမှလုပ်ငန်းဆောင်ရွက်ချက်များ တင်ပြခြင်းနှင့် တက်ရောက်လာကြသောကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။