စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအသိပညာပေးသင်တန်းဖွင့်လှစ်သင်ကြား
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ၂၉.၆.၂၀၂၁
လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအသိပညာပေးသင်တန်းကိုစစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ၌ (၂၉-၆-၂၀၂၁)ရက်နေ့တွင် ကျင်းပခဲ့ရာမိခင်နှင့်ကလေးပြုစုစောင့်ရှောက်ရေးအသင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးမှူးရုံး၊ ကြက်ခြေနီအသင်း၊ မီးသတ်တပ်ဖွဲ့မှကိုယ်စားလှယ်စုစုပေါင်း(၃၄)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး(၇)ရပ်နှင့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်အကြောင်းကိုတက်ရောက်လာသည့် ဌာန၊ အဖွဲ့အစည်းများကြားပူးပေါင်းလာမှုအားကောင်းစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။