မုံရွာမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

၅.၇.၂၀၂၁  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့
မုံရွာမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲကိုမုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် (၅-၇-၂၀၂၁)ရက်နေ့၌ ကျင်းပခဲ့ပါ သည်။ ဟောပြောပွဲသို့  မြို့နယ်ထွေထွေအုပ်ချုပ်ရးဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာဥက္ကဋ္ဌ (၃၈)ဦးတက် ရောက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် မုံရွာမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌကအဖွင့်အမှာစကားပြောကြားပြီးအတွင်းရေးမှူးကကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ 

FacebookTwitter