လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် သည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအားသုံးသပ်အကဲဖြတ်ရေးအဖွဲ့ Monitoring and Evaluation Teamအားပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်နှင့် လုပ်ငန်းလမ်းညွှန်များရေး

၁၆ရက်၊ဇူလိုင်လ        နေပြည်တော်
၁။    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအားသုံးသပ်အကဲဖြတ်ရေးအဖွဲ့ Monitoring and Evaluation Team အားပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်နှင့် လုပ်ငန်းလမ်းညွှန်များရေးဆွဲသတ်မှတ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနအစည်းအဝးခန်းမ၌ ကျင်းပခဲ့ရာပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
၂။    ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည်ပြည်သူလူထုနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသောဝန်ကြီးဌာနဖြစ်ပါကြောင်း၊ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်လည်းMoU, MoA, LoA, LoI, LTA, Project Agreement များလက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိပါကြောင်း၊နိုင်ငံတကာအဖွဲ့အစည်းများနှင့်လက်တွဲဆောင်ရွက်ရသည့်အတွက် Technical Assistance နှင့်International Best Practice များရရှိနိုင်ပါကြောင်း၊MoU, MoA, LoA, LoI, LTA, Project Agreement များတွင်ဖော်ပြထားသည့်လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းရှိ၊မရှိသုံးသပ်အကဲဖြတ်ရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊MoU, LoAလက်မှတ်ရေးထိုးထားသောအဖွဲ့အစည်းများ၏လုပ်ငန်းဆောင်ရွက်ချက်များစစ်ဆေးခြင်း၊အစီရင်ခံစာစစ်ဆေးခြင်း၊မြေပြင်စစ်ဆေးခြင်းများအတွက်တာဝန်ပေးအပ်ထားသည့်အဖွဲ့အစည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်လည်း စီမံကိန်းမစတင်မီ၊ စီမံကိန်းကာလအတွင်းနှင့် စီမံကိန်းပြီးမြောက်သည့် ကာလများအလိုက် လိုအပ်ချက်များကို သုံးသပ်အကဲဖြတ်ရမည့် လုပ်ငန်းလမ်းညွှန် (TOR)ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊မိမိတို့နိုင်ငံအနေဖြင့်Guidelines for UN Agencies, International Organization and NGO/ INGO on Cooperation Programme in Myanmar (2011) နှင့် Development Assistance Policy (2018, 2020) များရေးဆွဲထားပြီးဖြစ်ပါကြောင်း၊မိမိတို့ရေးဆွဲမည့်လုပ်ငန်းလမ်းညွှန် (TOR)သည်အဆိုပါပေါ်လစီ၊ Guideline များ၏မူဘောင်နှင့်ကိုက်ညီရမည်ဖြစ်ပါကြောင်း၊MoU, MoA, LoA, LoI, LTA, Project Agreement လက်မှတ်ရေးထိုးမည့်အဖွဲ့အစည်းများအနေဖြင့်တိကျသောAction Planကိုဝန်ကြီးဌာနသို့ကြိုတင်တင်ပြရန်လိုအပ်ပါကြောင်း၊စီမံကိန်း မဆောင်ရွက်မီအခြေအနေ၊စီမံကိန်းဆောင်ရွက်နေစဉ်ကာလအတွင်းစောင့်ကြည့်အကဲဖြတ်ခြင်း နှင့်စီမံကိန်းပြီးမြောက်ပြီး မျှော်မှန်းရလဒ်များပြည့်မီမှုရှိ/မရှိစောင့်ကြည့်အကဲဖြတ်ခြင်းနှင့်အစီရင်ခံခြင်းစနစ်များပီပီပြင်ပြင် ဖော်ဆောင်နိုင်ရန်လိုအပ်မည်ဖြစ်သည့်အတွက် မိမိတို့ရေးဆွဲမည့်လုပ်ငန်းလမ်းညွှန်(TOR)တွင် ထည့်သွင်းရေးဆွဲဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ 
၃။    ဒုတိယဝန်ကြီးမှဆွေးနွေးပြောကြားရာတွင်MoU, LoAလက်မှတ်ရေးထိုးရာတွင် Proposal အဆင့်တွင်စိစစ်ခြင်း၊လုပ်ငန်းဆောင်ရွက်ရာတွင်သုံးသပ်အကဲဖြတ်ခြင်း၊လုပ်ငန်းစီမံချက်တွင်ဖော်ပြထားသည့်အတိုင်းဆောင်ရွက်ခြင်းမရှိပါကသတိပေးခြင်းနှင့်လုပ်ငန်းဆောင်ရွက်နိုင်စေရေးအကြံဉာဏ်ပေးခြင်းများဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ထိုသို့ဆောင်ရွက်ရာတွင်အစိုးရ၏ Policy နှင့် In Line ဖြစ်ရန်အရေးကြီးသကဲ့သို့ဝန်ကြီးဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်း၊သတင်းအချက်အလက်များမျှဝေခြင်းကိုလည်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းToRရေးဆွဲရာတွင်သတ်မှတ်ဒေသ၊ သတ်မှတ်လုပ်ငန်းဆောင်ရွက်ခြင်းရှိ/မရှိ၊ သတ်မှတ်ရန်ပုံငွေ၊ သတ်မှတ်နည်းစနစ်၊ဆောင်ရွက်မှုပုံစံ၊ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းရှိ/မရှိ၊ ဒေသခံလူထုနှင့်ဆက်သွယ်မည့်ပုံသဏ္ဍာန်၊ စီမံကိန်း၏အကျိုးရှိမှု၊ နိုင်ငံတော်၏အကျိုးစီးပွားကိုထိခိုက်ခြင်းရှိ/မရှိ၊ လုံခြုံရေးအရသတ်မှတ်ထားသောနေရာများကိုသွားလာခြင်းနှင့်သတင်းရယူမှုပုံစံစသည်တို့ကိုစိစစ်သွားရမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။
၄။    ထို့နောက်သက်ဆိုင်ရာဘာသာရပ်တာဝန်ရှိသူများမှလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအားသုံးသပ်အကဲဖြတ်ရေးအဖွဲ့ Monitoring and Evaluation Team အားပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်နှင့် လုပ်ငန်းလမ်းညွှန်များရေးဆွဲသတ်မှတ်နိုင်ရေးညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
 

FacebookTwitter