၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်အကြံပြုချက်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်းအစည်းအဝေး
၁၃.၉.၂၀၂၁၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ (၁၃-၉-၂၀၂၁) ရက်နေ့မွန်းလွဲပိုင်းတွင် ကျင်းပသော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ် အကြံပြုချက်များနှင့် ပတ်သက်၍ ဆွေးနွေးခြင်းအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဦးစီးဌာနမှ အရာထမ်းများ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စာရင်းစစ်အကြံပြုချက်များအား ပြုပြင်နိုင်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အလေးထားလိုက်နာဆောင်ရွက်ရန်လိုကြောင်း မြေပြင်တွင် အကောင်အထည်ဖော်လုပ်ငန်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာဦးစီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဘဏ္ဍာငွေလျာထား ခန့်မှန်းရေးကိစ္စရပ်များ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ထောက်ပံ့ရေးလုပ်ငန်းများ၊ မြေပြင်တွင်ဆောင်ရွက်ရာတွင် မူလလျာထားချက်နှင့်အညီ အနီးစပ်ဆုံးဆောင်ရွက်နိုင်ရေး၊ စာရင်းဇယားများ တိကျမှန်ကန်စွာရရှိနိုင်ရေး ၊ အချိန်နှင့်တပြေးညီ လျင်မြန်စွာထောက်ပံ့ဆောင်ရွက်ရေးကိစ္စများဆောင်ရွက်ရာတွင် ရုံးချုပ်နှင့် ပြည်နယ်၊ တိုင်း၊ ခရိုင် ၊ မြို့နယ်အသီးသီးတွင် တာဝန်ယူဆောင်ရွက်နေသော အမှုထမ်း၊ အရာထမ်းများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန် ဆက်စပ် ဌာနများ၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ပါသဖြင့် ကြိုစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်အကြံပြုချက်များအပေါ် ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ တာဝန်ခံများက စာရင်းစစ်အကြံပြုချက်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ဆွေးနွေးပါသည်။ ထို့နောက် ရှေ့လာမည့် ဘဏ္ဍာရေးနှစ်များအတွက် လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အောင်မြင်စွာဆောင်ရွက်ကြရန်နှင့်စာရင်းစစ်အကြံပြုပါကိစ္စရပ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရမည့်ကိစ္စရပ်များ၊ ဖြည့်ဆည်းဆောင်ရွက်နိုင်မည့် အခြေအနေများ ပေါင်းစပ်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။