စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့အစည်းအဝေး

စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့အစည်းအဝေးကို (၇.၁.၂၀၂၂) ရက်နေ့ မနက် (၁၀:၀၀) နာရီတွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် ကျင်းပခဲ့ရာ ဥက္ကဌနှင့်အဖွဲ့ဝင် စုစုပေါင်း (၁၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် ဥက္ကဌဖြစ်သူ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှညွှန်ကြားရေးမှူးက အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးပြီး ကော်မတီဝင်များက လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဌာနအလိုက်အသီးသီးဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter