လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏(၁/၂၀၂၂)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်အမှာစကားပြောကြား

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ (၁/၂၀၂၂)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ သင်တန်းကျောင်းကျောင်းအုပ်ကြီးနှင့် တာဝန်ခံများက Online ပုံစံဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင် ဦးစီးဌာနအလိုက်ဆောင်ရွက်ရန် ဖော်ထုတ် ထားတဲ့လုပ်ငန်းများ မျှော်မှန်းကာလအလိုက် ရည်မှန်းချက်များအောင်မြင်မှုရှိ/မရှိ၊ ယခုလ အတွက် timeline ဘောင်အတွင်း ပြည့်မီခြင်းရှိ/မရှိ စိစစ်နိုင်ဖို့ လစဉ်လုပ်ငန်း ညှိနှိုင်းအစည်း အဝေးများ ကျင်းပရခြင်းဖြစ်ကြောင်း၊ INGO အဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး လုပ်ငန်းစီမံချက်အတိုင်းအမှန်တကယ်အကောင်အထည်ဖော်နိုင်မှုအပေါ် မူတည်၍ ချမှတ်ထား သည့် စံလုပ်ငန်းစဉ်သတ်မှတ်ချက်စည်းမျဉ်းများနှင့်အညီ အုပ်စု(၃)စု စိစစ်သတ်မှတ်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကိုယ်စားဌာနကမိဘသဖွယ် ကာကွယ်စောင့်ရှောက်ထားတဲ့ ကလေးသူငယ်များရဲ့ဘဝ ရေရှည်တိုးတက်ဖွံ့ဖြိုးရေးနှင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည် နိုင်ရေးအတွက် ၎င်းတို့၏ စိတ်ဝင်စားမှုနှင့် သတ်မှတ် ချက်ပြည့်မီမှုအပေါ်မူတည်၍ ဆက်စပ်ဝန်ကြီးဌာနများမှ ဖွင့်လှစ်ထားရှိတဲ့ကျောင်းများမှာ ကျောင်းထားပေးနိုင်ရေး ဆောင်ရွက် ပေးစေလိုပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနကနေ ကြီးကြပ်တဲ့ ကျောင်းများမှာ ပို့ချလျက်ရှိတဲ့ သက်မွေးပညာသင်တန်းများ အဆင့်မြှင့်တင်နိုင်ဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲ (၁)ခု ကျင်းပနိုင်မယ့် စီမံချက်ရေးဆွဲတင်ပြသွားဖို့ ဖြစ်ပါ ကြောင်း၊ Volunteer ပူးပေါင်း ဆောင်ရွက်နိုင်ရေးအစီအစဉ်အတွက် ရေးဆွဲထားတဲ့ Pilot Programme ကောင်းမွန်တဲ့အတွက် သက်ဆိုင်ရာဌာနအလိုက် စည်းရုံးပါဝင်ဆောင်ရွက်နိုင်ဖို့ဖြစ်ပါကြောင်း၊ ၂၀၀၉ တည်မြဲအမိန့် ပြန်လည်ပြင်ဆင်နိုင်ရေး တိုးတက်မှုများ စွာရှိနေပြီဖြစ်ပြီး Table Top exercise ပြုလုပ်နိုင်ဖို့အတွက် Scenario နဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာထုတ်ပြန်နိုင်ရေးနဲ့ အစီရင်ခံစာထုတ်ပြန် နိုင်ရေး အချိန်သတ်မှတ်ချက်ဝင်အောင် ဆောင်ရွက်ရန်လိုအပ်မှာဖြစ်ပါကြောင်း၊ မသန်စွမ်းအဆင့် သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ရေးလုပ်ငန်းစီမံချက် Pilot Programme ဆောင်ရွက်နိုင်ရေး timeline ဝင်အောင်ဆောင်ရွက်နိုင်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက် များကို မှတ်တမ်းထိန်းသိမ်းမှုအားကောင်းစေရန်နှင့် တိုးတက်ဆောင်ရွက်နိုင်မှုအခြေအနေကို စဉ်ဆက်မပြတ်သုံးသပ်အကဲဖြတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။ ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာကိုကိုနိုင်က ကျင်းပပြီးစီးခဲ့သော လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ဦးစီးဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၏ တစ်လတာအတွင်း တိုးတက်မှုအခြေအနေများကို ရှင်းလင်းဖတ်ကြားပြီး ဝန်ကြီးရုံးဌာနခွဲများမှ လက်ထောက် အတွင်းဝန်များ၊ တာဝန်ခံများ၊ ဦးစီးဌာနရုံးချုပ်များမှ ဌာနခွဲအလိုက် တာဝန်ခံညွှန်ကြားရေးမှူး များ၊ ဌာနကြီးမှူးများက Timeline ချမှတ်၍ ဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုချင်းစီအလိုက် တိုးတက်မှုအခြေအနေကို ရှင်းလင်းတင်ပြပြီး လမ်းညွှန်မှုခံယူလိုသည့်အချက်များ ပေါင်းစပ် ညှိနှိုင်းဖြေရှင်းပေးရန် လိုအပ်သည့်အချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေပိုင်းတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ ကြောင်းသတင်းရရှိပါသည်။

FacebookTwitter