မွန်ပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ဆပ်ကော်မတီ အစည်းအဝေးကျင်းပ

    မွန်ပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ အစည်းအဝေးကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ရှိ ပြည်နယ်လူမှုဝန်ထမ်းရုံးခန်းမ၌ (၃၁-၁-၂၀၂) ရက်နေ့၊ နံနက်(၁ဝး၀၀) နာရီ အချိန် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 
    အဆိုပါ အစည်းအဝေးတွင် မွန်ပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဌ ၊ ပြည်နယ် လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးက လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသောကော်မတီဝင်များမှ လုပ်ငန်းစဉ်များအပေါ် အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လယ် (၁၁း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
    အစည်းအဝေးသို့ မွန်ပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီဝင်များနှင့် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ စုစုပေါင်း (၂၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ 
 

FacebookTwitter