၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် Online ဖြင့် ကျင်းပပြုလုပ်သည့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့် စင်တာ (One Stop Women Support Center-OSWSC) Guideline ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေး(၃/၂၀၂၂)အား ကျင်းပခြင်း

     လူမှုဝန်ထမ်းဦးစီးဌာနသည် ကျား၊မအခြေပြုအကြမ်းဖက်ခြင်းဆိုင်ရာကိစ္စရပ်များကို ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တုံ့ပြန်မှုပေးခြင်းဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

     နည်းမျိုးစုံဖြင့်အကြမ်းဖက်ခံရသော အမျိုးသမီးများအား ဖြစ်စဉ်အခြေအနေအရ  သီးခြား လုံခြုံမှုပေးရန်လိုအပ်ပါက လူမှုဝန်ထမ်းဦးစီးဌာနမှ ရန်ကုန်မြို့၊ မန္တလေးမြို့၊ လားရှိုးမြို့၊ မော်လမြိုင်မြို့၊ လွိုင်ကော်မြို့နှင့် မုံရွာမြို့တို့တွင်ဖွင့်လှစ်ထားရှိသော အကြမ်းဖက်ခံရသည့်အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ (One Stop Women Support  Center-OSWSC)များတွင် လက်ခံစောင့်ရှောက် ကာကွယ်ပေးလျက်ရှိပါသည်။

     OSWSC စင်တာများတွင် ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများစနစ်ကျပြီး ပိုမိုတိုးတက် ကောင်းမွန်သည့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်ပေါ်စေရေး နှင့် အခြား INGO, NGO, CSO များမှလည်း လေ့လာအသုံးပြုနိုင်ရေးအတွက် OSWSC စင်တာ လုပ်ငန်းဆောင်ရွက် ခြင်းဆိုင်ရာ Guideline ရေးဆွဲလျက်ရှိခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။

     OSWSC Guideline ထွက်ရှိရေးအတွက် Guideline ရေးဆွဲရေး Task Team အဖွဲ့အား လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ (၁၈)ဦးပါဝင်သည့် အဖွဲ့အား ဖွဲ့စည်းထားရှိကာ Guideline ရေးဆွဲရေး Task Team ၏ Online ညှိနှိုင်းဆွေးနွေးမှုများကို   (၁၃.၁၂.၂၀၂၁)ရက်နေ့၊ (၁၃.၁.၂၀၂၂)ရက်နေ့ ၊ (၂၈.၁.၂၀၂၂)ရက်နေ့ များတွင် ပြုလုပ်ခဲ့ပြီး၊ ယခုအခါ Guideline ရေးဆွဲရေး Task Team ၏ Online ညှိနှိုင်းဆွေးနွေးမှု (၄)ကြိမ်မြောက် အစည်းအဝေးအား (၁၄.၂.၂၀၂၂)ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

FacebookTwitter