လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ (၈-၃-၂၀၂၂)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်း
၂၀၂၂ ခုနှစ်၊ မတ်လ(၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ၊ နေပြည်တော်
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား (၂၀၂၂ ခုနှစ်)ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဦးဆောင်၍ (၈-၃-၃၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဖြစ်သည့် ဒေါ်အေးနုစိန်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စုတရာလွှတ်တော်ချုပ်တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဉပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်၏ အမျိုးသမီးအဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အမျိုးသမီးကော်မတီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီအတွင်းအရေးမှူးများနှင့် တာဝန်ရှိသူများ (၄၄) ဦးမှ လူကိုယ်တိုင် တက်ရောက်ခြင်းဖြင့်လည်းကောင်း၊ Online ဖြင့်(၈၇) ဦး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အဖွင့်မိန့်ခွန်း Video Message ကို ပြသပါသည်။ ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ပြဌါန်းချက်များ၊ ဘေဂျင်းကြေငြာစာတမ်းနှင့်ဘေဂျင်းလုပ်ငန်းစီမံချက် စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်မှုပန်းတိုင်အမှတ်(၅)၊ ကုသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ်၊ ၁၃၂၅ ပါ ပြဌာန်းချက်များအပေါ်အခြေခံ၍ အမျိုးသမီးအခွင့်အရေးများကို လေးစားခြင်း၊ ကာကွယ်ပေးခြင်း၊ မြှင့်တင်ပေးခြင်းနှင့် ဖြည့်ဆည်းပေးခြင်းတို့ကို နိုင်ငံတော်က ဆောင်ရွက်ပေးနေပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(National Strategic Plan for the Advancement of Women- NSPAW) (၂၀၁၃-၂၀၂၂)ကို ၂၀၁၃ ခုနှစ်တွင် အတည်ပြုချမှတ်ခဲ့ပြီး အဆိုပါစီမံကိန်းကို CEDAW၊ ဘေဂျင်းကြေငြာစာတမ်းနှင့် ဘေဂျင်းလုပ်ငန်းစီမံချက်တို့ကို အခြေခံ၍ လုပ်ငန်းဧရိယာ(၁၂)ရပ် ချမှတ်ဆောင်ရွက်ကာ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ဆောင်ရေးအတွက် နည်းပညာလုပ်ငန်းအဖွဲ့(၄)ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး NSPAW Phase 2 ရေးဆွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားတီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique) ပါ ဦးစားပေးကဏ္ဍ(၆)ရပ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံအဆင့်လုပ်ငန်းစီမံချက်ကို ရေးဆွဲအတည်ပြုခဲ့ပြီး (၁၀.၁၁.၂၀၂၁)ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အအမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေ အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ဥပဒေ(မူကြမ်း)အပေါ် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို သတင်းပို့တိုင်ကြားနိုင်ရေးအတွက် (၂၄) နာရီ Help line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ထူထောင်ပြီး တိုင်ကြားစာများကို လက်ခံဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ One Stop Women Support Center – OSWSC များဖွင့်လှစ်ထားရှိပြီး Guideline ကိုလည်း ရေးဆွဲပြုလုပ်လျက်ရှိပါကြောင်း၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေးအတွက် အိမ်တွင်းမှုသက်မွေးပညာရပ်ဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အိမ်တွင်းမှုကျောင်းများ၊ ကျောင်းအခြေပြုသင်တန်း၊ ရပ်ရွာအခြေပြုသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ဆဋ္ဌမအကြိမ်မြောက် (CEDAW)အစီရင်ခံစာတင်သွင်းနိုင်ရေးအတွက် ရေးသားရေးကော်မတီ ဖွဲ့စည်းထားရှိပြီး အစီရင်ခံစာပြုစုရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ "စဉ်ဆက်မပြတ်တိုးတက်ဖို့ ကျား၊မ တန်းတူညီမျှစို့" ဆိုသည့် ဆောင်ပုဒ်အတိုင်း လူသားတိုင်းအတွက် အနာဂတ်ကို ဖြစ်ပေါ်စေပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ထွန်းစေရေး ကဏ္ဍစုံတွင် ကျား၊မ တန်းတူညီမျှမှုကို အလေးထားထည့်သွင်းစဉ်းစားဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသော ဧည့်သည်တော်များမှ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး ဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် နံနက်(၁၁:၀၀)နာရီတွင် အခမ်းအနားအား ရုပ်သိမ်းလိုက်ပါသည်။