မသန်စွမ်းကလေးများ လေ့ကျင့်သင်ကြားပေးသော ဆရာ၊ ဆရာမများသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခြင်း

     မသန်စွမ်းသက်ငယ်သင်တန်းကျောင်းတွင် ( ၂၀-၄-၂၀၂၂ မှ ၁၃-၅-၂၀၂၂) အထိ ဖွင့်လှစ်သည့် မသန်စွမ်းကလေးများ လေ့ကျင့်သင်ကြားပေးသော ဆရာ၊ ဆရာမများသင်တန်းဆင်းပွဲ အခမ်းအနားကို (၁၃.၅.၂၀၂၂) ရက်နေ့ နေ့လယ်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) မှ ဒေါက်တာကေသီကျော် တက်ရောက်ခဲ့ပြီး သင်တန်းဆင်းအမှာစကားပြောကြားခဲ့ကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

   အဆိုပါ သင်တန်းသို့ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (ရန်ကုန်နှင့်မန္တလေးမှ ဆရာ/ဆရာမများ၊ မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာမှဆရာမများ/နားမကြားသောကလေးများကျောင်း (ရန်ကုန်နှင့် ကြည့်မြင်တိုင်ကျောင်း၊ မူကြိုဆရာမများစုစုပေါင်း (၄၁) ဦး နှင့် လုပ်အားပေးအကူဆရာ (၂) ဦး စုစုပေါင်း (၄၃) ဦး တက်ရောက်ခဲ့ကြပါသည်။
သင်တန်းတွင် - 
-    လူမှုဝန်ထမ်းလုပ်ငန်းကြီး ၇ ရပ် အပါအဝင် UNCRPD / မသန်စွမ်းသူနှင့် မသန်စွမ်းမှု အဓိပ္ပါယ်/မသန်စွမ်းဖြစ်ရခြင်းအကြောင်းအရင်းများ /အစာအာဟာရ/ ဉာဏ်ရည် မသန်စွမ်းကလေးများအကြောင်း/ECI /
-    ဖွံ့ဖြိုးမှုနယ်ပယ် ၅ ရပ်/ထိ‌ရောက်သောလေ့ကျင့်သင်ကြားမှုများ (Physical/ Intellectual/ Language/ Emotional/ Social ) Skills များ
-    Speech and Language Communication
-    Fine motor skills and Gross motor skills
-    Pre Reading and Pre Writing skills
-    သိမှုဆိုင်ရာလေ့ကျင့်သင်ကြားခြင်းနှင့်အခြေခံသင်္ချာ/အခြေခံပန်းချီနှင့်လက်မှု
-    တေးဂီတနှင့်လှုပ်ရှားခြင်း ( music and movement )
-    များကိုစာတွေ့လက်တွေ့သင်ကြားခြင်းများအပြင်ကလေးစိတ်ပညာ/
- ကျောင်းများတွင်သဘာဝဘေးအရေးပေါ်ဖြစ်ပေါ်လာပါကကြိုတင်ကာကွယ်နိုင်ရန်(မီးဘေးကာကွယ်ခြင်းမီးသတ်ဆေးဘူးအသုံးပြုခြင်း/ငလျင်ဖြစ်ပေါ်လာပါကကလေးများနှင့်ဘေးလွတ်ရာရှောင်ရှားနိုင်ရန်)
-    ရှေးဦးပြုစုနည်း / 
-    အခြေခံကြသောမိမိကိုယ်တိုင်လုပ်ဆောင်နိုင်မှု/( Daily activities )
-    Child Psychology and Stress
-    Task analysis and Activity Analysis  စသည့် သင်ခန်းစာများပို့ချခဲ့ပါသည်။

 

 

FacebookTwitter