Virtual Conferencing စနစ်ဖြင့် ကျင်းပသည့် ACWC 3rd Partnership Conference သို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများပါဝင်တက်ရောက်ခြင်း

      အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှဦးဆောင်၍ (၁၄.၆.၂၀၂၂) ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ACWC 3rd Partnership Conference သို့ ACWC ၏ ကလေးသူငယ်အခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ACWC ၏အမျိုးသမီးအခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌ နှင့်ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးအား “Towards a Cohesive and Responsive Future” ဆောင်ပုဒ်ဖြင့်ကျင်းပခဲ့ပြီး  အစည်းအဝေးတွင် ACWC Work Plan 2021-2025 တွင်ပါရှိသော လုပ်ငန်းစဉ်များအလိုက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များ၊ ACWC ၏ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ACWC နှင့်ပူးပေါင်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အောင်မြင်မှုများနှင့်အခက်အခဲများ၊ အမျိုးသမီးများနှင့်ကလေးသူငယ်များ၏အခွင့်အရေး မြှင့်တင်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter