လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရခိုင်ပြည်နယ်အတွင်း ဝန်ကြီးဌာနလက်အောက်ရှိ ဌာနငယ်/သင်တန်းကျောင်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းနှင့် သိုလှောင်ရုံများအားစစ်ဆေးခြင်းဆောင်ရွက်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်သည် (၁၂.၆.၂၀၂၂)ရက်နေ့မှ (၁၅.၆.၂၀၂၂) ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း ဝန်ကြီးဌာနလက်အောက်ရှိ ပြည်နယ်ဦးစီးမှူးရုံးများနှင့် ဌာနငယ်/သင်တန်းကျောင်းများ၊ မူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသိုလှောင်ရုံ များအားစစ်ဆေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။
(၁၂.၆.၂၀၂၂)ရက်နေ့ စစ်တွေမြို့ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုများကို လိုက်နာကြရန်လိုအပ်ကြောင်း၊ နေ့စဉ်ထုတ်သတင်းစာများဖတ်ရှုကြရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား မှတ်သားလိုက်နာကြရန်၊ တိုင်းရင်းသားဒေသတွင်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများဖြစ်ကြသဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားဆောင်ရွက်ကြရန်၊ မိမိတို့၏အရည်အချင်းများအား အမြဲတမ်းတိုးတက်နေအောင်ဆောင်ရွက်ကြရန်နှင့် အရည်အချင်းပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သောဝန်ထမ်းများဖြစ်လာစေဖို့ ကြိုးစားကြရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
(၁၃.၆.၂၀၂၂)ရက်နေ့ နေ့လည်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေပြည်နယ်ဦးစီးမှူးရုံးရှိသိုလှောင်ရုံအား ကြည့်ရှုစစ်ဆေးကာ ထောက်ပံ့ရေးပစ္စည်းများအား အလေအလွင့်မရှိ ဂရုတစိုက်ထိန်းသိမ်းရန်၊ ဘေးအန္တရာယ်များဖြစ်ပွားလာပါက ထောက်ပံ့ရေးပစ္စည်းများအား အမြန်ဆုံးထောက်ပံ့နိုင်ရေးဆောင်ရွက်ထားရန်မှာကြားခဲ့ပါသည်။
    ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန စစ်တွေမူလတန်းကြို‌ကျောင်းနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာကျောင်းသို့ ရောက်ရှိစစ်ဆေးခဲ့ပြီး အခြေခံ ECCD အခမဲ့တစ်လသင်တန်းမှ သင်တန်းသူများအား ကလေးသူငယ်ဘဝဖွံ့ဖြိုးရေးအကြောင်း ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ (၁၄.၆.၂၀၂၂) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အမ်းမြို့နယ်လူမှုဝန်ထမ်းရုံးနှင့် အမ်းမူလတန်းကြိုကျောင်းများအားကြည့်ရှုပြီး အမ်းမူလတန်းကြိုကျောင်းတွင် ကလေးအားကစားကွင်းတည်ဆောက်နိုင်ရေး၊ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအားမှာကြားခဲ့ပါသည်။
    ထို့နောက် (၁၅.၆.၂၀၂၂) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အမ်းမြို့နယ်ရုံး ယာယီနေရာနှင့် သိုလှောင်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီးနောက် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter