ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်းကျင်းပ
လူမှုဝန်ထမ်းဦးစီးဌာန၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေးသင်တန်းကို (၁၅.၆.၂၀၂၂) ရက်နေ့၊ နံနက်(၈:၃၀) နာရီတွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးသင်တန်းသို့ မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၄၂) ရွာမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး(၇)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှုပြုစုပျိုးထောင်ရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကိုသိရှိနိုင်စေရန်နှင့် မုဒုံမြို့နယ်အတွင်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဖြစ်ပေါ်လာပါက ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက်အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။