နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ ဌာနမူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများအတွက် “မူကြိုဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း” ကျင်းပခြင်း

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် (၂၅.၆.၂၀၂၂) ရက်နေ့၌ကျင်းပသော “မူကြိုဆရာမများ၏စွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း”သို့ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက ယခုလူမှုဝန်ထမ်းဦးစီးဌာနရှိ မူကြိုဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင် ရေးမွမ်းမံသင်တန်းကို ကိုဗစ်-၁၉ ကာလအတွင်းမှပင် မူကြိုကျောင်းများပိတ်ထားခဲ့ရပြီး သင်တန်းများလည်း ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိသောကြောင့် ကလေးများ၏ဖွံ့ဖြိုးတိုးတက်ရေးမှာနှောင့်နှေးခဲ့ရကြောင်း၊ ယခုကဲ့သို့ In person, On Line တို့ဖြင့် သင်တန်းကိုတပြိုင်နက်ဖွင့်လှစ်ရန်စီစဉ်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ ယခုလက်ရှိအချိန်တွင်ဌာနမူလတန်းကြိုကျောင်းများကို အင်အားပြည့်ဖြင့် ပြန်လည်ဖွင့်လှစ်လျက်ရှိပြီး ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ဖို့အတွက်လည်း ကြိုးပမ်းစီစဉ်လျက်ရှိရာ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် မူကြိုဆရာမများ၏အခန်းကဏ္ဍမှာလွန်စွာအရေးကြီးပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးနည်းပညာရပ်များကို စနစ်တကျ လေ့လာသင်ကြားရမှာဖြစ်ပါကြောင်း၊ ကလေးသူငယ်များအပေါ်ရင်းနှီးမြှုပ်နှံခြင်းသည် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းရဲ့ အနှစ်သာရဖြစ်ပါကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူကြိုဆရာမများအား သင်ကြားလေ့ကျင့်ပေးခြင်းအပြင် ဌာနအခြေပြု၊ရပ်ရွာအခြေပြုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
    အဆိုပါသင်တန်းသို့ နေပြည်တော်ကောင်စီအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း (၉)ကျောင်းမှ ဆရာမ(၆၀)ဦးမှ In person ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မူလတန်းကြိုကျောင်း (၁၅၆)ကျောင်းမှ ဆရာမ(၇၉၉)ဦးမှ On Line ဖြင့်လည်းကောင်း၊ စုစုပေါင်းသင်တန်းသား (၈၅၉)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အနှစ်သာရ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှုအခြေအနေတိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာဝန်ဆောင်မှု လုပ်ငန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)က ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒနှင့် လက်ရှိဆောင်ရွက်လျက်ရှိသော (ECCD)လုပ်ငန်းများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)က ကျန်းမာရေးနှင့် အာဟာရအရေးကြီးပုံ၊ ဘာသာရပ်ဆိုင်ရာတာဝန်ခံများက စိတ်-လှုမှုပိုင်းဆိုင်ရာကူညီပံ့ပိုးခြင်း၊ တွယ်တာမှုဆိုင်ရာအခြေခံ သဘောတရားနှင့် မူကြိုဆရာမနှင့်ကလေးဆက်ဆံရေးများပိုမိုကောင်းမွန်စေရန် ပံ့ပိုးပေးခြင်းစသည့် ဘာသာရပ်များအား ပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter