အာဆီယံမဏ္ဍိုင်(၃) ရပ်အောက်ရှိ ဌာနဆိုင်ရာများမှ အာဆီယံအဆင့်မြင့်အရာရှိကြီးများအား ASEAN Gender Mainstreaming နှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်းဆိုင်ရာ အစည်းအဝေး

   အာဆီယံမဏ္ဍိုင်(၃)ရပ်အောက်ရှိ ဌာနဆိုင်ရာများမှ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အား ASEAN Gender Mainstreaming နှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌ ဒေါက်တာသက်သက်ဇင်၊ ASEAN Sectoral Bodies  များနှင့် ကဏ္ဍခွဲအသီးသီးအား Focal Point အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

      အဆိုပါအစည်းအဝေး၌  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ASEAN Community Vision 2025 နဲ့အညီ လူမှုရေးပြဿနာနှင့် ဘေးဒုက္ခများကို ခံစားနေရသော ထိရှလွယ်သည့်အုပ်စုများအတွက် လူမှုရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ INGOs များ၊ NGOs များ၊ CSOs များနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကဏ္ဍရဲ့ ကဏ္ဍခွဲတွေဖြစ်တဲ့ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့်အစည်းအဝေး၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင်နှင့် အာဆီယံအမျိုးသမီးရေးရာကော်မတီတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနက Focal Point အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင် အာဆီယံ အမျိုးသမီး၊ ငြိမ်းချမ်းရေးမှတ်ပုံတင်ကဏ္ဍတွင်လည်း မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့မှ (၂၄) ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ ACWC and ACW Special Consultation Meeting on ASEAN Gender Mainstreaming Strategic Framework တွင်ဆွေးနွေးချက်များအရ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ASEAN Pillar များဖြစ်သော APSC၊ AEC နှင့် ASCC အောက်ရှိ Sectoral Bodies များမှ တာဝန်ရှိသူများအား ASEAN Gender Mainstreaming ဆိုင်ရာ အချက်အလက်များသိရှိနိုင်ရေး ဆွေးနွေးလိုတဲ့အတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ဦးဆောင်မှုဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NSPAW) (၂၀၁၃-၂၀၂၂) အရ လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NSPAW Phase II)ကိုဆက်လက်၍ ရေးဆွဲရန်အတွက် လုပ်ငန်းအစီအစဉ်များချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၉၇ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်း ရှင်းအကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာများ ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊  အမျိုးသမီးများအကြမ်းဖက်ခံရမှုနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန် Helpline ဖုန်းနံပါတ် “1566” ဖြင့်ဝန်ဆောင်မှုပေးလျက်ရှိပြီး ဌာနဆိုင်ရာများတွင် Gender Mainstreaming ဖြစ်စေရေး၊  အမျိုးသမီးစွမ်းပကား မြင့်မားစေရေးအတွက် Gender/CEDAW/ NSPAW/ UNSCR 1325 အသိပညာပေးသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင် “ကိုဗစ် - ၁၉ ကာလအတွင်း ကျေးလက်နေအမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်း စီမံချက်” ကို ၂၀၂၂-၂၀၂၃ဘဏ္ဍာရေး နှစ်အတွင်း နေပြည်တော်ကောင်စီနှင့် ရခိုင်ပြည်နယ်စီမံချက် ကျေးရွာများတွင် Quick Win Project အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံကဏ္ဍခွဲ အသီးသီးမှတာဝန်ရှိသူများအနေဖြင့် မိမိတို့ကဏ္ဍခွဲများအလိုက် လုပ်ငန်းဆောင်ရွက်မှုများတွင် ကျား/ မရေးရာ အမြင်ဖြင့်  ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အကြံပြုချက်များ၊ အတွေ့အကြုံများအား ဆွေးနွေးအကြံပြုသွားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ACWC ၏ ကလေးသူငယ်အခွင့်အရေးကိုယ်စားလှယ်၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်က အာဆီယံကဏ္ဍခွဲများနှင့် Focal Person  အဖြစ်တာဝန်ယူဆောင် ရွက်မှုအခြေအနေများ၊ ASEAN Gender Mainstreaming Strategic Framework-AGMSF ပါ အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ACWC၏ အမျိုးသမီးအခွင့်အရေး ကိုယ်စားလှယ်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဆောင်ရွက်လျက်ရှိသော အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ထို့နောက် ASEAN Sectoral Bodies  များနှင့် ကဏ္ဍခွဲအသီးသီးအား Focal Point အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက်အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter