မြန်မာနိုင်ငံ ကလေးများနေ့အခမ်းအနားကျင်းပခြင်း
မြန်မာနိုင်ငံ ကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၁၃.၂.၂၀၂၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးလက်အောက်ရှိ မိတ္ထီလာ မူလတန်းကြိုကျောင်းတွင် နံနက်(၁၁:၃၀) နာရီအချိန်၌ ကလေးဦးရေ (၁၆၆)ဦးနှင့် ဝမ်းတွင်း မူလတန်းကြိုကျောင်းတွင် နံနက် ၁၀:၀၀ နာရီအချိန်၌ ကလေးဦးရေ (၈၀)ဦး ဖြင့် သားငယ်၊ သမီးငယ်များအား မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားအား ပျော်ပွဲရွှင်ပွဲများနှင့် ဆုပေးပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။