ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင် စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တွင် လူမှုကရုဏာလုပ်ငန်းများ ကြည့်ရှု စစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ (၁၉)ရက် -

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်သည် နိုဝင်ဘာ (၁၆)ရက်နေ့ နံနက် (၉) နာရီ (၄၅) မိနစ်အချိန်တွင် စစ်ကိုင်းမြို့ရှိ စစ်ကိုင်း မျက်မမြင် ကျောင်းသို့ ရောက်ရှိပြီး ကျောင်း၏ အသက်မွေးဝမ်း ကျောင်းပညာ သင်ကြားနေမှု၊ စာပေပညာ သင်ကြားမှုတို့နှင့် ငလျင်ဒဏ် ခံရသော အဆောက်အဦ များ၏ ပျက်စီးမှုတို့ကို ကျောင်းအုပ်မှ ပုံနှင့်တကွ ရှင်းလင်း တင်ပြပြီး ဒုတိယဝန်ကြီးက  လိုက်လံ ကြည့်ရှုရာ ကျောင်းသား များအိပ်ဆောင် တစ်ထပ် ဆောင်ကို ဖျက်သိမ်းခွင့်တင်ရန်နှင့် အသစ်ပြန်လည် တည်ဆောက်ရန် ထမင်း စားဆောင်နှင့် ရေချိုးခန်း တို့ကို ပြုပြင်ရန် မှာကြားပြီး ဆက်လက်၍  စစ်ကိုင်း မူလတန်းကြို ကျောင်းသို့ ရောက်ရှိပြီး ငလျင်ဒဏ် ခံရသော အဆောက်အဦ များကို လိုက်လံ ကြည့်ရှုပြီး လိုအပ် သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

    ထိုမှတစ်ဆင့် မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ နားမကြားသော ကလေးများ ကျောင်းရှိရာ တာဝန်ခံ ယာယီဆရာမက ကျောင်း၏ လုပ်ငန်း ဆောင်ရွက်ချက် များကို ရှင်းလင်း တင်ပြပြီး ဒုတိယဝန်ကြီးက လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့သည်။ အမှတ်(၁) မူလတန်းကြို ကျောင်းသို့ ဆက်လက် ထွက်ခွာရာ တာဝန်ခံ ကျောင်းအုပ်က ကလေးများ ပညာသင်ကြား နေမှုကို ရှင်းလင်း တင်ပြရာ ကလေးများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု ရှိစေရန်နှင့် သင်ကြား နည်းမှန်ကန် စေရန် ဒုတိယ ဝန်ကြီးက မှာကြားပြီး ဝန်ထမ်းအိမ်ရာ တစ်ထပ်(၄)ခန်းတွဲ ဆောက်လုပ်ခြင်းကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့သည်။

    ဆက်လက်၍ ဒုတိယ ဝန်ကြီးသည် အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ သင်တန်းတက်ရောက် နေသော သင်တန်းသူများကို ဒုတိယဝန်ကြီးက နိုင်ငံတော်၏ တန်ဖိုးရှိသော ရိုးရာလက်မှု ပညာများ တိမ်ကောမှု မရှိစေရန်နှင့် တန်ဖိုးရှိစွာ အသုံးပြုနိုင်ခြင်း အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း၊ အမျိုးသမီးများ အနေဖြင့် မိမိနိုင်ငံ၏ ယဉ်ကျေးမှုကို ထိန်းသိမ်းရန် အတွက် အဝတ်အထည်များ သေသပ် လှပအောင် ရိုးရာ ထုံးစံမပျက် ချုပ်လုပ် ဆင်းမြန်းခြင်းမှာ လှပ တင့်တယ်မှု ရှိကြောင်း မှာကြားပြီး သင်တန်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

    နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဒုတိယဝန်ကြီးသည် မန္တလေးလူငယ် သင်တန်းကျောင်းသို့ ရောက်ရှိကာ ဒုတိယ ကျောင်းအုပ်က ကျောင်းသား များအား အသက်မွေးဝမ်း ကျောင်းနှင့် ပညာသင် ကြားပေးမှုတို့ကို ရှင်းလင်း တင်ပြပြီး ဒုတိယဝန်ကြီးက အသက်မွေးဝမ်း ကျောင်းနှင့် ပညာသင်ကြား နေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့သည်။

    ဆက်လက်၍ အမျိုးသမီး သက်မွေးအတတ် ပညာသင်ကျောင်းသို့ ရောက်ရှိပြီး အသက်မွေး အတတ်ပညာ သင်ကြားနေသော ကျောင်းသူများ၏ အသက်မွေးဝမ်း ကျောင်းပညာများ သင်ကြားနေမှုကို ဒုတိယဝန်ကြီးက ကြည့်ရှုစစ်ဆေးပြီး လူကုန်ကူး ခံရသူများ အား မိဘရပ်ထ ံပြန်လည် အပ်နှံရေးတို့မှာ အရေးကြီး သောကြောင့် သက်ဆိုင်ရာ ဌာနများ၊ INGOs, NGOs အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရန်မှာကြားပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

    ဒုတိယ ဝန်ကြီးသည် နိုဝင်ဘာ (၁၈)ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ တိုင်းလူမှုဝန်ထမ်း ဌာနအောက်ရှိ ကလေးပြုစုရေး ဌာန၊ အမျိုးသမီး ကလေးများ သင်တန်းကျောင်းနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနတို့မှ တာဝန်ခံ ကျောင်းအုပ်များနှင့် တွေ့ဆုံ၍ အကြောင်းအမျိုးမျိုးကြောင့် လူမှုရေး စောင့်ရှောက်ရန် လိုအပ်လျက် ရှိသည့် ကလေးများ၊ လူငယ်များ၊ အမျိုးသမီးများအား လူမှုကရုဏာနှင့် ပြောင်းလဲ လျက်ရှိသော ခေတ်စနစ် နှင့်အညီ လိုက်လျော ညီထွေ ဖြစ်အောင် ကြိုးစား ဆောင်ရွက်ရန် စေတနာဖြင့် ဆောင်ရွက် နေသော မိမိတို့လုပ်ငန်း တာဝန်များကို တစ်ဦးချင်းစီက မြင့်မြတ်သည့် စိတ်ဓာတ်ဖြင့် ကျေပွန်စွာ ဆောင်ရွက်ကြရန် မှာကြားပြီး ကလေး ပြုစုရေးဌာန၊ အမျိုးသမီး ကလေးများ သင်တန်းကျောင်းနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ကျောင်းများသို့ လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

FacebookTwitter