လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသတ္တမ အကြိမ် မဟာ ဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ ကျင်းပ
နေပြည်တော်၊ အောက်တိုဘာ (၂၁)ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန သတ္တမအကြိမ် မဟာ ဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို (၂၁-၁၁-၂၀၁၂) ရက်နေ့ နံနက် ၉နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်၊ ဒုတိယ ဝန်ကြီး ဒေါ်စုစုလှိုင် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား ကထိန် သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြသည်။




အခမ်းအနားတွင် နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် လေသာကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒနန္ဒိယထံမှ ငါးပါးသီလနှင့် ကိုးခန်းကြီးကျောင်းတိုက် ဘဒ္ဒနအာစိဏ္ဏထံမှ ကထိန်အလှူမောဓနာ တရားတော်ကို ပြည်ထောင်စု ဝန်ကြီးနှင့် ပရိတ်သတ်တို့ က နာယူ စောင့်တည်ကြပြီး ဆရာတော်၊ သံဃာတော် တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။