နိုင်ငံတော်ဖွံ့ဖြိုးရေးတိုးတက်လာစေရန် နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်

ရန်ကုန်၊ ဇွန် ၁၀ -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် နှင့် မအူပင်ခရိုင်အတွင်း စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ၂၀၁၄-၄၂၁၅ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေး အပ်ပွဲအခမ်းအနားကို ဇွန် ၈ရက်နံနက် ၁၀နာရီတွင် ဟင်္သာတမြို့ ဆည်မြောင်းရိပ်သာ မြနန္ဒီခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်က အမှာစကားပြောကြားပြီး ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင် ရှိ ဘိုးဘွားရိပ်သာနှစ်ခု လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ(၅)ခုနှင့် ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၅) ကျောင်းတို့အတွက် စုစုပေါင်းငွေကျပ် သိန်း ၃၉၈ ဒသမ ၄၈သိန်းကို တာဝန်ရှိသူများထံ ပေးအပ်ထောက်ပံ့သည်။

      နံနက်၁၁နာရီတွင် ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်း လူငယ်များ နှင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်များအတွက်နည်းပြသင်တန်း(၃/၂၀၁၄)ဖွင့်ပွဲအခမ်းအနား ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာစေရန်နိုင်ငံသားတိုင်းပါ ဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူငယ်လူရွယ်အခန်းကဏ္ဍများသည် အရေးကြီးလှပါကြောင်း၊ လူငယ်လူရွယ်များ၏ ကာယစွမ်းအား၊ ဉာဏစွမ်းအား၊ လူမှုရေးစိတ်ဓါတ်များနှင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံသစ်ကြီးဆီကို တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ရက်သတ္တပတ်တစ်ပတ်ကြာဖွင့်လှစ်မည့် သင်တန်းပြီးဆုံးပါက လူငယ်မောင်မယ်များ အနေဖြင့် ကျေးရွာများသို့ နည်းပြဆရာများအဖြစ် သွားရောက်ပြီး ကျန်ရှိသည့် လူငယ်လူရွယ်များအား လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေး လျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်များအဖြစ် လူမှုရေးလုပ်ငန်းများနှင့် သဘာဘေးလျော့ပါးရေးလုပ်ငန်းများ အား စာတွေ့၊လက်တွေ့ ပြန်လည်သင်ကြားပို့ချသွားရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဗဟိုဌာန တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျေးရွာ ၄၅ရွာမှ လူမှုစောင့်ရှောက် ရေးစေတနာ့ဝန်ထမ်း လူငယ် ၅၀ တို့အား နည်းပြသင်တန်းပို့ချနေမှု၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်း ခန်းမ၌ ကျေးရွာ၄၅ရွာမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် ၅၀တို့အား နည်းပြသင်တန်း ပို့ချ နေမှုတို့ကို ကြည်ရှု၍ လူငယ်မောင်မယ်များအား အားပေးစကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

FacebookTwitter