ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အကောင်အထည်ဖော်မှု ပဉ္စမအကြိမ်နှင့် ဆဌမအကြိမ် ပူးတွဲ အစီရင်ခံစာ ရေးသားပြုစုရေးသင်တန်းဖွင့်လှစ်ခြင်း,Report writhing training for the submission of the fifth and sixth combined National Report on CRC
နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၀) -
မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (UNCRC) အဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်ချက်များအား ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီသို့ (၅)နှစ် (၁)ကြိမ် အစီရင်ခံစာ တင်သွင်းရပါသည်။ ပဉ္စမအကြိမ်နှင့် ဆဌမအကြိမ် ပူးတွဲ အစီရင်ခံစာအား (၁၃.၂.၂၀၁၇) ရက်နေ့တွင် တင်သွင်းရမည်ဖြစ်ပါသည်။
အဆိုပါ အစီရင်ခံစာ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပူးပေါင်း၍ အစည်းအဝေး(၂)ကြိမ်ကျင်းပ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
တင်သွင်းရမည်ဖြစ်သော ပဉ္စမအကြိမ်နှင့် ဆဌမအကြိမ် ပူးတွဲအစီရင်ခံစာအား ပိုမိုပြီးပြည့်စုံသော အစီရင်ခံစာ ဖြစ်စေရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနသည် UNICEF အဖွဲ့နှင့်ပူးပေါင်း၍ Report Writing သင်တန်း အား (၁၀.၁၁.၂၀၁၆) ရက်နေ့နှင့် (၁၁.၁၁.၂၀၁၆) ရက်နေ့ တို့တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပဆောင်ရွက်လျက်ကြောင်းသတင်းရရှိပါသည်။