လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား Search for Common Ground အဖွဲ့အစည်းမှ Country Director ဖြစ်သူ Ms.IsLa Glaister အဖွဲ့မှလာရောက်တွေ့ဆုံခြင်း

နေပြည်တော်၊ နိုဝင်ဘာလ(၂၁) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ တွင် နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက်(၉း၃၀)နာရီ အချိန်တွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား Search for Common Ground အဖွဲ့အစည်းမှ Country Director ဖြစ်သူ Ms.IsLa Glaister အဖွဲ့က လာရောက်တွေ့ဆုံခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ ၂၀၁၄ ခုနှစ်တွင် အတည်ပြုခဲ့သည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့် ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်နှင့် ၎င်းစီမံချက် အကောင်အထည်ဖော ်ဆောင်ရွက်မှုများ၊ ရက်(၁၀၀)စီမံကိန်းနှင့် ရက်(၁၀၀)အလွန် (၆)လ စီမံချက်မှ အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ စီမံချက်များ၊ Search for Common Ground မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းများ၊ စွမ်းရည်မြှင့် သင်တန်းများ နှင့် လမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန နှင့်ပူးပေါင်းဆောင် ရွက်နိုင်မည့် နယ်ပယ်များတွင် Social Cohesion သင်တန်းများ၊ ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသရှိ ထိခိုက်အားနည်းလွယ်သော အုပ်စုများအတွက် သုတေသနလုပ်ငန်းများ၊ အမျိုးသမီး နှင့် ကလေး သူငယ်များအား အကြမ်းဖက်မှု ကာကွယ်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ရေးတို့ကို ညှိ နှိုင်းဆွေးနွေးခဲ့ကြပါသည်။

FacebookTwitter