ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား ဥရောပ ကော်မရှင်၊ Directorate General for European Civil Protection and Humanitarian Aid Operations (ECHO)ရုံး၊ အာရှ၊ အာဖရိက နှင့် လက်တင်အမေရိကဌာန မှ လာရောက်တွေ့ဆုံ
နေပြည်တော်၊ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမ တွင် နိုဝင်ဘာလ (၂၃) ရက်နေ့၊ နေ့လည် (၁၂း၃၀)နာရီ အချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား ဥရောပကော်မရှင်၊ Directorate General for European Civil Protection and Humanitarian Aid Operations (ECHO)ရုံး၊ အာရှ၊ အာဖရိက နှင့် လက်တင်အမေရိကဌာန မှ ညွှန်ကြားရေးမှူး ဖြစ်သူ Ms. Androulla KAMINARA ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ဒေသ အပါအဝင် ပဋိပက္ခဖြစ်ပွားရာဒေသများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့ပေးရေး ကိစ္စများ၊ ချင်းပြည်နယ်တွင် ကနဦး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပြဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များ၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။