လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN-Habitat အဖွဲ့နှင့် ဘိုးရတနာ ကုမ္ပဏီလိမိတက်တို့မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ (၂၅) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN-Habitat မှ စီမံကိန်း မန်နေဂျာဖြစ်သူ Mr. Bijay Karmacharya ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံပါသည်။

      ထိုသို့တွေ့ဆုံရာတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည့် ငလျင်ဖိုရမ်နှင့်ပတ်သက်ပြီး ဆက်လက် ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ငလျင်ဘေးအန္တရာယ ်နှင့်ပတ်သက်၍ ကောင်းမွန်စွာ ပြင်ဆင်နိုင် ရေးအတွက် ဘေးအန္တရာယ်ကြောင့် ထိခိုင်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်လေ့လာချက်များ၊ ထိခိုက်ဆုံးရှုံး နိုင်ခြေ မြေပုံရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ငလျင်စင်တာ ထူထောင်ရေး၊ သုတေသနလုပ်ငန်းများ ပြုလုပ်ရေး၊ ပြည်သူများသို့အသိပညာပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ငလျင်ဆိုင်ရာ နိုင်ငံတော်အဆင့် အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုပြုလုပ်နိုင်ရေး ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

      ဆက်လက်၍ ဘိုးရတနာကုမ္ပဏီမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထား ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လူမှုဝန်ထမ်းဆိုင်ရာလုပ်ငန်းများဖြစ်သည့် မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်ခြင်းနှင့် သက်ကြီးရွယ်အို၊ စစ်ဘေး၊ သဘာဝဘေးဒဏ် ခံစားနေရသူများသို့ ကူညီထောက်ပံ့မှုများ ပေးနိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter