ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပရဟိတဂေဟာများကို လေ့လာကြည့်ရှုပြီး အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းနေ့သို့တက်ရောက်
နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ရက် -
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပရဟိတဂေဟာများဖြစ်သော အိမ်မက်လှရထား ပရဟိတဂေဟာကျောင်း၊ နန်းဦး ပရဟိတဂေဟာကျောင်းနှင့် မေတ္တာဝါဒီ ဟင်္သာသ(ပရဟိတ)ဂေဟာ ကျောင်းတိုက်များသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ရာ ယနေ့မြင် တွေ့ရသော ကျောင်းသားလူငယ်အများစုမှာ နယ်စပ်ဒေသမှ တိုင်းရင်းသားများ အများစုဖြစ်ကြပြီး ကချင်လူ မျိုး၊ ရှမ်းလူမျိုး၊ ပလောင်လူမျိုး နှင့် ပအိုဝ့်လူမျိုး ကလေးငယ်များ ဖြစ်ကြကြောင်း၊ ဆယ်ကျော်သက်အရွယ်က လေးများကို ယခုအချိန်မှ လုပ်ငန်းခွင် ဝင်ရောက်နိုင်သည်အထိ ကျောင်းတွင်း နှင့်ကျောင်းပြင်ပ ပညာရေးများ သင်ကြားပေးသည့်နည်းတူ အသက်မွေးဝမ်းကျောင်း ပညာရပ်ကို ဦးတည် သင်ကြားပေးစေလိုကြောင်း၊ အုပ်ထိန်းသူများကလည်း မိဘသဖွယ်မေတ္တာဖြင့် ပြုစုထိန်းကျောင်း ပေးကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်ပရဟိတ လုပ်ငန်းကို အသိအမှတ်ပြုအားပေး ထောက်ပံ့လျက်ရှိပြီး မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပရဟိတကျောင်းများကို အဆင့်အလိုက် နှစ်စဉ်ထောက်ပံ့ကြေးများ၊ ဆန်နှင့်အဝတ်အထည်များ ထောက်ပံ့ပေးလျက် ရှိပါကြောင်း ပြောကြားပြီး ကလေးငယ်များအတွက် ဆေးပဒေသာပင် ထောက်ပံ့လှူဒါန်းငွေပေး အပ်ခြင်း၊ မုန့်နှင့် ကစားစရာ ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်မြို့ ပြည့်သူ့ရင်ပြင်နှင့် ပြည်သူ့ ဥ ယျာဉ်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းများနေ့အခမ်းအနားသို့ တက်ရောက်အမှာ စကား ပြောကြားရာတွင် ပရဟိတ စေတနာ့ဝန်ထမ်းဆိုသည်မှာ စေတနာနှင့် တိုင်းပြည်ဝန်ကို ထမ်းကြရသူများ ဖြစ်ပြီး အချိန်များစွာ ပေးဆပ်ပြီး အခမဲ့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပရဟိ တ ဆောင်ရွက်ကြသူ အချင်းချင်း ခင်မင်ရင်းနှီးပြီး လုပ်ဖော်ကိုင်ဖက်များအပေါ် ဂုဏ်ပြုပေးတဲ့ ပွဲဖြစ်ကြောင်း၊ လူငယ်များပရဟိတကို စိတ်ပါဝင် စားမှုကောင်းမွန်လာပြီး အတူတကွ ပိုမိုပူးပေါင်းဆောင်ရွက်စေချင်ကြောင်း၊ သို့မှသာ အနာဂတ် နိုင်ငံတော် အတွက် ဖွံဖြိုးတိုးတက်ပြီး လူ့အသိုင်းအဝိုင်း တစ်ခုလုံး ဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်း၊ ထောင်စုနှစ် ဖွံ့ဖြိုးတိုး တက်ရေးမှသည် စဉ်ဆက်မပျက်ဖွံ့ဖြိုး တိုးတက်ရေးသို့ အကောင်အထည်ဖေါ် ဆောင်ရွက်ကြရာတွင် တစ်ဦးတစ်ယောက်တည်း မဟုတ်ပဲ အားလုံး တက်ညီလက်ညီဖြင့် ပူးပေါင်းပါဝင် ကြစေလို ပါကြောင်းနှင့် နိုင်ငံတော် အစိုးရအနေဖြင့် ပရဟိတ လုပ်ငန်းများအပေါ် အားပေးပြီး ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို အားပေးကြိုဆိုလျက် ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။