လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အကြောပြင်အနှိပ်(၁)နှစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို (၁၉.၆.၂၀၂၃)ရက်နေ့တွင် လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးဌာနစုမှ တာဝန်ရှိသူများမှ Online ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှကျောင်းအုပ်၊ သင်တန်းတာဝန်ခံများ၊ သင်တန်းသား၊ သင်တန်းသူများမှ Inpersonဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅) ရက်၊ နေပြည်တော် မသန်စွမ်းသင်တန်းကျောင်း (၈)ကျောင်း၏ (၁) နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များအား ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစီမံကိန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို (၁၅.၆.၂၀၂၃) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးများမှ ညွှန်ကြားရေးမှူးများ၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနစုမှ တာဝန်ရှိသူများ၊ သင်တန်တာဝန်ခံများ၊ မသန်စွမ်း သင်တန်းကျောင်းများမှ ကျောင်းအုပ်များနှင့် ICT Training Center မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
၂၀၂၃ ခုနှစ်၊ ဇွန် ၁၂ လူမှုဝန်ထမ်းဦးစီးဌာနနှင့် Care Support Clover အဖွဲ့တို့သည် (၂) နှစ် သက်တမ်းရှိ သဘောတူညီမှုစာလွှာ (LoA) အား (၅.၅.၂၀၂၂) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့၍ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ သင်တန်းကျောင်းများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြုပရဟိတဂေဟာများရှိ မိဘမဲ့ကလေးများအား ဂျပန်နည်းစနစ်ဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ ဂျပန်ဘာသာသင်တန်းဆင်းပွဲနှင့် ဒုတိယအကြိမ် သင်တန်းဖွင့်ပွဲအား ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ Care Support Clover အဖွဲ့မှ Chief Executive Officer, Mr. Mineo Yamashita ၊ Managing Director, ဒေါ်ကေကေခိုင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဘာသာရပ်ဆိုင်ရာတာဝန်ခံများ၊ သင်တန်းကျောင်း၊ ဌာနငယ်များမှ ကျောင်းအုပ်များ၊ ပရဟိတဂေဟာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဇွန်လ (၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ မင်္ဂလာသီရိဟိုတယ်၊ ရွှေဘိုခန်းမ၊ နေပြည်တော် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) မူဘောင် (မူကြမ်း) ရေးသားထားရှိမှုနှင့်ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၊ ရွှေဘိုခန်းမတွင် ကျင်းပခဲ့ရာ အစည်းအဝေးသို့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲရေး လုပ်ငန်းကော်မတီ (၁၂) ရပ်မှ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဇွန်လ (၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ မင်္ဂလာသီရိဟိုတယ်၊ ရွှေဘိုခန်းမ၊ နေပြည်တော် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) မူဘောင် (မူကြမ်း) ရေးသားထားရှိမှုနှင့်ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀:၀၀)နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၊ ရွှေဘိုခန်းမတွင် ကျင်းပခဲ့ရာ အစည်းအဝေးသို့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲရေး လုပ်ငန်းကော်မတီ (၁၂) ရပ်မှ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
နေပြည်တော်၊ ဇွန်လ ၆ ရက် “ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေးအဖွဲ့ ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ” စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၆.၆.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် Online ဖြင့် ကျင်းပခဲ့ပါသည်။
၂.၆.၂၀၂၃၊ နေပြည်တော် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW) ဆဋ္ဌမအကြိမ်မြောက် (Second draft) အစီရင်ခံစာရေးသားရေးဆိုင်ရာညှိနှိုင်း အစည်းအဝေးကို (၂.၆.၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ အစည်းအဝေးသို့ အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW) ဆဋ္ဌမအကြိမ်မြောက် အစီရင်ခံစာရေးသားရေးအဖွဲ့ ကိုယ်စားလှယ် (၃၀) ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ဒုတိယဝန်ကြီးအား စစ်တွေမြို့နယ်တွင်ဆောင်ရွက်မည့် PSSလုပ်ငန်းစဉ်အား...
မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများဆိုင်ရာဖိုရမ်အား မေလ(၂၂)ရက်နေ့တွင်လည်းကောင်း၊ (၁၈)ကြိမ်မြောက်အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအား မေလ(၂၃) ရက်နေ့တွင်လည်းကောင်း၊...
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း မွန်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၆-၅-၂၀၂၃) ရက်နေ့၊ မွန်းလွဲ (၁၃:၀၀)နာရီ အချိန် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ...