

နေပြည်တော်၊ ဇူလိုင် (၆) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇူလိုင်လ၆ရက်နေ့၊ ‌နံနက်(၀၉း၀၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E.Mr.PisahuSuvanajataဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် (၁-၇-၂၀၁၆)ရက်နေ့၊ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့သို့ရောက်ရှိပြီး လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင်‌့ သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေး၊ တုန့်ပြန်ရေး လုပ်ငန်းများအား ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

နေပြည်တော်၊ ဇူလိုင်လ(၁) ရက် -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် ကုလသမဂ္ဂ လူသားချင်းစာနာ ကူညီမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA)တို့ ပူးပေါင်း၍ ဝန်ကြီးဌာန၏ ရက်(၁၀၀) စီမံချက်တွင် ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သော ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ကနဦးစာရင်းအား KOBO Mobile Application အသုံးပြု၍ ကောက်ယူနိုင်ရန်အတွက် Mobile Application မိတ်ဆက်ခြင်း အခမ်းအနားအား အဆိုပါ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ၁.၇.၂၀၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

နေပြည်တော်၊ ဇွန်လ (၃၀) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ရက်(၁၀၀)စီမံကိန်းတွင် ဦးစားပေးဆောင်ရွက်နေသော လူငယ်မူဝါဒ ရေးဆွဲရေး လုပ်ငန်းစဉ်အရ ပြည်နယ်နှင့် တိုင်းအသီးသီးမှ လုပ်ငန်းဖြစ်မြောက်ရေး လူငယ်ညှိနှိုင်းရေးမှူးများ၊ မြန်မာလူငယ်ဖိုရမ် လုပ်ငန်းအဖွဲ့ဝင်များ၊ UN Joint Team မှ တာဝန်ခံများ၊ ပြည်တွင်းအကြံပေးအဖွဲ့များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ၃၀-၆-၂၀၁၆ ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

နေပြည်တော်၊ ဇွန်လ (၂၉) -

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ ၂၉ ရက်နေ့၊ ‌နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E.Mr. Nicholas Coppel ဦးဆောင်သောအဖွဲ့မှ လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ နှစ်နိုင်ငံအကြား သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ သြစတြေးလျနိုင်ငံမှ ပေးအပ်သည့် ပညာသင်ဆုကိစ္စများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် သြစတြေးလျနိုင်ငံဘက်မှ ကူညီမည့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအောက်တွင် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် ပြည်ထောင်စုဝန်ကြီးက တာဝန်ယူဆောင်ရွက်မှု အခြေအနေများ၊ ကလေးသူငယ်အခွင့်အရေး ဆောင်ရွက်နေမှု အခြေအနေနှင့် ကလေးသူငယ်ဥပဒေ ပြင်ဆင်ရေးဆွဲရေး တိုးတက်မှုအခြေအနေများ၊ ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံကိန်းပါ ဦးစားပေး လုပ်ငန်းစီမံချက်များနှင့် ရှေ့ဆက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

နေပြည်တော်၊ ဇွန်လ (၂၈) -

      လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီအား ယနေ့ညနေ ၅ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည် ။

နေပြည်တော်၊ ဇွန်လ(၂၇) -

      သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများတွင် အာကာသနည်းပညာကို ပိုမိုအသုံးချ ဆောင်ရွက်နိုင်စေရန်၊ ဌာနအဖွဲ့အစည်း အသီးသီးအနေဖြင်‌့ အာကာသနည်းပညာ အသုံးပြု၍ သဘာဝဘေး လျော့ပါးရေး လုပ်ငန်းများတွင် ပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်လာနိုင်စေရန်နှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များကို ဖော်ထုတ်ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့အခြေစိုက် United Nations Platform for Space-based Information for Disaster Management and Emergency Response(UN-SPIDER)တို့ပူးပေါင်း၍ သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အာကာသနည်းပညာ အသုံးချ ဆောင်ရွက်နိုင်ရေး အကြံပြုအစည်းအ‌ဝေးကို ယနေ့နံနက်(၀၉း၃၀)တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၆-၆-၂၀၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနက ဆောင်ရွက်လျှက်ရှိသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်းမှ အခြေအနေမဲ့များ စောင့်ရှောက်ရေးစခန်း(နာနတ်တော)သို့ သွားရောက်၍ လမ်းပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ နေသည့် တောင်းရမ်းစားသောက်သူများ၊ အခြေအနေမဲ့များ၊ လေလွင့်ကလေးငယ်များ၊ လမ်းပေါ်နေသူများ လျော့နည်းပပျောက်ရေး ဆောင်ရွက်မှုများအား သွားရောက်ကြည့်ရှု့ပြီး စောင့်ရှောက်ထားရှိသော ကလေး သူငယ်(၃၃)ဦးနှင့် ချစ်ခင်ရင်းနှီးစွာတွေ့ဆုံ၍ ၎င်းတို့၏ ခံစားချက်များအားသိရှိပြီး လိုအပ်သော စောင့်ရှောက်မှု များ ပေးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။ ထို့နောက် ကလေးများအတွက် စားစရာနှင့် စောင်၊ ခေါင်းအုံးများ ပေးအပ်ခဲ့ပါသည်။

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ၂၅-၆-၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့သို့ ရောက်ရှိပြီး သာသနသောဘဏိကာရုံကျောင်း၌ ပြုလုပ်သော ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကား ‌ပြောကြားခဲ့ပါသည်။