တောင်ငူမြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း အပတ်စဉ် (၄/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး...
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက် (၂) နှစ်အောက် ကလေးသူငယ်များအား ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ် (ဧပြီ၊မေ၊ဇွန်)အတွက် ကျောက်တော်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များအား...
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့လူမှုဝန်ထမ်းရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အဆိုးဝါးဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေးအလုပ်သမား အသိပညာပေး ကလေးသူငယ်အခွင့်အလမ်းများဆိုင်ရာဥပဒေစာအုပ်ကို...
(၆.၁၀.၂၀၂၂)ရက်နေ့တွင် Gender, CEDAW, NSPAW, UNSCR 1325 အသိပညာပေးအစီအစဉ် ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းအတွင် ကျင်းပပြုလုပ်ခဲ့ရာ မုံရွာခရိုင်အမျိုးသမီးကော်မတီဝင် စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ပါသည်။
နေ့ရက် - ၁-၁၀-၂၀၂၂(စနေနေ့) နေရာ - သာသနာ့ဗိမာန်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားကို (၁.၁၀.၂၀၂၂) ရက်နေ့၊ မွန်းလွဲ (၁၃:၀၀) နာရီအချိန် မော်လမြိုင်မြို့၊သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က အဖွင့်အမှာစကားပြောကြားပြီး၊ အခမ်းအနားသို့ တက်ရောက်လာသော တောင်ဝိုင်းဘိုးဘွားရိပ်သာမှ ဘိုး၊ ဘွား (၂၀) ဦးအား ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြပါသည်။
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် (၃၀.၉.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ...
နေပြည်တော်၊ စက်တင်ဘာလ ၂၆ ရက်၊ သတင်းစဉ် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ဖွင့်လှစ်မည့် လူမှုသဟဇာတနှင့်လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် Virtual ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင်...
၂၅/၂၆.၉.၂၀၂၂ ၊ ရန်ကုန်မြို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် (၂၅.၉.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းအုပ်၊ ဝန်ထမ်းများနှင့် ဦးစွာတွေ့ဆုံ၍ ကလေးများကို ကလေးသူငယ်အခွင့်အရေးများနှင့်အညီ ပြုပြင်ထိန်းကျောင်းပေးနေမှု၊ အာဟာရကျွေးမွေးမှု၊ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ တင်ပြချက်များအပေါ်လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
၂၅.၉.၂၀၂၂၊ ရန်ကုန်မြို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်သည် (၂၄.၉.၂၀၂၂) ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသည့် သန်လျင်လူငယ်သင်တန်းကျောင်း၊ အမျိုးသမီးကလေးများ သင်တန်းကျောင်း (ရန်ကုန်) နှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းများရှိ ဝန်ထမ်းများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့်တွေ့ဆုံခဲ့ပါသည်။