၃၁.၈.၂၀၂၂၊ မော်လမြိုင် မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တည်ထောင်ဖွင့်လှစ်ထားရှိသော ဘိုးဘွားရိပ်သာများအား ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တောင်ဝိုင်းဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၃၁.၈.၂၀၂၂)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
၂၀၂၂ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်၊ နံနက်(၀၉:၃၀) နာရီ၊နေပြည်တော် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ပါ ဝန်ကြီးဌာနများမှ ဝန်ထမ်းများသို့ ဖွင့်လှစ်ပို့ချပေးမည့် “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉:၃၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ မွန်ပြည်နယ်အတွင်း စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၄.၈.၂၀၂၂ ) ရက်နေ့တွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကြီးမှူးပြီး အသက် (၆) လမှ (၃) နှစ် ကလေးပြုစုစောင့်ရှောက်သူများအတွက် ECCD အခြေခံသင်တန်းကို...
(၂၃.၈.၂၀၂၂)ရက်နေ့ (အင်္ဂါနေ့) ASEAN – IPR Discussion Series 2022, Session 3: Protection and Promotion of Human Rights for Sustainable Peace အစည်းအဝေးအား (၂၃.၈.၂၀၂၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၃၀မှ၁၆:၀၀) နာရီအထိ Virtually ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံအမျိုးသမီးငြိမ်းချမ်းရေးနှင့် မှတ်ပုံတင်ကဏ္ဍမှအဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိသည့် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ခင်မေနုနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ ...
၁၇.၈.၂၀၂၂၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မူလတန်းကြိုကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၁၂) ဦး တက်ရောက်ခဲ့ပါသည်။
၁၈.၈.၂၀၂၂၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၉၇) ဦး တက်ရောက်ခဲ့ပါသည်။
၁၈.၈.၂၀၂၂၊ မော်လမြိုင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတို့ပူးပေါင်း၍ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ၌ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မသန်စွမ်းသူများအတားအဆီးမဲ့ ခရီးသွားလုပ်ငန်း (Barrier Free Tourism) ဖော်ဆောင်ခြင်းဆိုင်ရာအ‌ထောက်အကူပြု အခြေခံဝန်ဆောင်မှုသင်တန်းကို (၁၈.၈.၂၀၂၂) ရက်နေ့တွင် မော်လမြိုင်မြို့ရှိ အတ္ထရံဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၁၅.၈.၂၀၂၂၊တနင်္လာနေ့၊မွန်ပြည်နယ် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍