လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်မြန်မာနိုင်ငံဆိုင်ရာဗြိတိန်နိုင်ငံသံအမတ်ကြီး H.E Mr.Dan Chugg အား Online Meeting ဖြင့်ယနေ့နံနက်ပိုင်းတွင်တွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊ ၈.၁၂.၂၀၂၀ မြန်မာနိုင်ငံမှ အာဆီယံ အမျိုးသမီးအခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ် မြန်မာ နိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ ဒေါ်မေယဉ်ထွန်းနှင့် အာဆီယံ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးတို့သည် (၈.၁၂.၂၀၂၀) ရက်နေ့၊ နေ့လယ် (၁:၃၀) မှ (၄:၃၀) ထိ virtually ကျင်းပပြုလုပ်သော (၂၁) ကြိမ်မြောက် အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာကော်မရှင် အစည်းအဝေး (21st ACWC Meeting) သို့ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
ဒီဇင်ဘာ ၇ ၊ နေပြည်တော် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင် ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် အကောင်အထည်ဖော်နိုင်ရေး အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက်တွင် ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
နေပြည်တော်၊ ၅-၁၂-၂၀၂၀ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင် ပါ၀င်ကြမည့် စေတနာ့ ၀န်ထမ်းများကို ဆင့်ပွားသင်တန်းပေးခြင်းနှင့် အားပေးစကားပြောကြားခြင်းအစီစဉ်ကို Online စနစ်ဖြင့်ကျင်းပရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနပြည်ထောင်စု၀န်ကြီးဒေါက်တာ၀င်းမြတ်အေး၊ အမြဲတမ်းအတွင်း၀န်၊လူမှု၀န်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆရာ၀န်အသင်း၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနှင့် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတို့မှ သင်တန်းဆရာ၊ဆရာမများ၊ အမျိုးသားအဆင့်စေတနာ့၀န်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေး မှူးရုံးအဖွဲ့၀င်များ၊ နေပြည်တော်ကောင်စီနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ သင်တန်းသား စေတနာ့၀န်ထမ်း(၁၃၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
နေပြည်တော်၊ ၄.၁၂.၂၀၂၀     မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း ဖွင့်လှစ်ထားရှိမှုနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက Video Conferencing ဖြင့်ကျင်းပ ပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ဆွေးနွေးခဲ့ပါသည်။
COVID-19 ကပ်ရောဂါကြောင့် မူလတန်းကြိုကျောင်းများ ယာယီပိတ်ထားသော ကာလအတွင်း မူကြိုအရွယ်ကလေးငယ်များ ဖွံ့ဖြိုးမှု နောက်ကျ မကျန်ရစ်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက Virtual Meeting ပုံစံဖြင့်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ဦးစီးမှူးများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၊ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာနမှနည်းပြများ တက်ရောက်ခဲ့ကြ ပါသည်။
၃၀-၁၁-၂၀၂၀၊ နေပြည်တော် COVID-19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စေတနာ့၀န်ထမ်းများ ပိုမိုအားဖြည့် ပါ၀င်နိုင်ရေး အားပေး ညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက Zoom Meeting ဖြင့် ဆောင်ရွက်ခဲ့ရာ အမျိုးသားအဆင့် စေတနာ့၀န်ထမ်း ဦးဆောင်အဖွဲ့အတွင်းရေးမှူး ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဆရာ၀န်များအသင်းမှ တာ၀န်ရှိသူများနှင့် လူငယ်ရေးရာ ကော်မတီ၀င်များတက်ရောက်ခဲ့ကြပါသည်။
နိုဝင်ဘာ ၃၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ပျဉ်းမနားမြို့နယ် အရှေ့ဘက်ခြမ်း တောင်ပေါ်ဒေသတိုင်းရင်းသားကျေးရွာများဖြစ်သော ဘို့မကျေးရွာအုပ်စုသို့ ယနေ့နံနက်ပိုင်းက သွားရောက်ခဲ့ပြီး တိုင်းရင်းသားများ၏ အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ကူညီထောက်ပံ့မှုပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန(နေပြည်တော်)၌ လူမှုဝန်ထမ်းဦးစီးဌာန ဒေါက်တာစန်းစန်းအေး၊ ညွှန်ကြားရေးမှူးချုပ်အား International Development Law Organization၊ Country Manager Mrs. MORGANE LANDELနှင့်အဖွဲ့က Video Conferencing ဖြင့် တွေ့ဆုံမိတ်ဆက်ခဲ့ပါသည်။
၂၅-၁၁-၂၀၂၀၊ နေပြည်တော် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Online အခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး၀န်ကြီးဌာနတွင်ကျင်းပရာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဌများနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များ၊ United Nations Resident Coordinator and Humanitarian Coordinator, Mr. Ola Almgren၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော် အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် အစိုးရဌာနအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။