နေပြည်တော်၊ ၁၂-၁-၂၀၂၁ လူမှုဝန်ထမ်းဦးစီးဌာနနှင့် UN Women တို့ ပူးပေါင်း၍ ကျား၊မရေးရာနှင့် Covid-19 Virtual အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့် UN Women မှ Country Representative ဖြစ်သူ Mr. Nicolas Burniat တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သက်ဆိုင်ရာဦးစီးဌာန (၁၆) ခုမှ အရာထမ်း (၃၅) ဦး တက်ရောက်ခဲ့ကြပါသည်။ 
၁၅.၁.၂၀၂၁၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနသည် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အစိုးရမဟုတ်သော အဖွဲ့အစည်း(၃၆)ဖွဲ့ဖြင့် နားလည်မှုစာချွန်လွှာ၊ သဘောတူညီမှုစာလွှာ၊ နည်းပညာပူးပေါင်း ဆောင်ရွက်ရေး စာချွန်လွှာ၊ စီမံချက်သဘောတူညီချက်များအား လက်မှတ်ရေးထိုး၍ ဆောင်ရွက် လျက်ရှိပါသည်။ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် Latter-Day Saint Charities (LDSC)အဖွဲ့မှ Asia Area Director ဖြစ်သူ Mr. Mickey Lui နှင့် Community Development Association (CDA)အဖွဲ့မှ ဥက္ကဌဖြစ်သူ ဒေါက်တာခင်မောင်ဝင်းတို့သည် သဘောတူညီမှုစာလွှာအား လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါ သဘောတူညီမှုစာလွှာတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းရပ်ဖြစ်သော မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်းတွင် အားဖြည့် ဆောင်ရွက်နိုင်မည့် မသန်စွမ်းသူများအတွက်
ဇန်နဝါရီ ၇ ၊ နေပြည်တော် အမြင်အာရုံနှင့် အကြားအာရုံချို့ယွင်းသူ မသန်စွမ်းသူများအသုံးပြုနိုင်သော ဘေးအန္တရာယ် (၉)မျိုး အသိပညာပေး မျက်မမြင်လက်စမ်းစာအုပ်နှင့် လက်သင်္ကေတပြ ဘာသာစကားပါ ဗီဒီယိုဖိုင်များ လက်ခံခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ယနေ့နံနက်ပိုင်းကကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင် Plan International Myanmar မှ Country Director တို့ တက်ရောက်ခဲ့ကြပါသည်။

ဇန်နဝါရီလ ၅ ရက်နေ့၊ နေပြည်တော်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်း၌ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက် တွင် တည်ဆောက်ထားသော ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက်အဦ ဖွင့်လှစ် နိုင်ရေးနှင့် ပြုစုစောင့်ရှောက်ပေးရမည့် ကလေးငယ်များအား COVID - 19 စည်းကမ်းချက် များနှင့်အညီ စနစ်တကျ လွှဲပြောင်းလက်ခံနိုင်ရေး ကြိုတင်ဆောင်ရွက်ထားသည့် အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပါသည်။

နေပြည်တော် ဒီဇင်ဘာ ၂၈ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) စာအုပ် မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Message ပေးပို့၍ အဖွင့်အမှာ စကားပြော ကြားသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၈ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ သဘာဝတရားရိပ်သာရှိ COVID – 19 ရောဂါကူးစက် ခံရသည့် အစောင့်အရှောက်ခံ သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့ပါသည်။
ဒီဇင်ဘာ ၁၈ ၊ နေပြည်တော် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ပြည်သူလူထုအခြေပြု COVID – 19 စေတနာ့ဝန်ထမ်း အစီအစဉ်တွင် အမျိုးသမီးကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း၌ အဆိုပါဝန်ကြီးရုံးတွင် video conferencing စနစ်ဖြင့် ဆောင်ရွက်ခဲ့ပါ သည်။
နေပြည်တော်၊ ၁၅.၁၂.၂၀၂၀ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့နှင့် (၁၆) ရက်နေ့တို့တွင် ကျင်းပပြုလုပ်သည့် (၁၉) ကြိမ် မြောက်အာဆီယံအမျိုးသမီးကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် virtual ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။ ၁၅-၁၂-၂၀၂၀ ရက်နေ့တွင် ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီ အစည်းအဝေး (19th ACW Meeting) နှင့် (၇) ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာကော်မရှင်-အာဆီယံအမျိုးသမီး ကော်မတီ (7th ACWC-ACW Consultation Meeting) အစည်းအဝေး ၏ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ၊ အမျိုးသမီးရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် (Secretary of State) H.E Kheng Samvada (Mrs.) က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဘရူနိုင်းဒါရုဆလာမ်နိုင်ငံ၊ ယဉ်ကျေးမှု၊ လူငယ်နှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်းအတွင်းဝန် Mme. Dayang Saidah binti Haji Wahid က ၂၀၁၉-၂၀၂၀ ပြည့်နှစ် ကာလများအတွင်း အာဆီယံ အမျိုးသမီးကော်မတီ၏ အောင်မြင်မှုများ၊ တိုးတက်မှုများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ACW Workpaln 2016-2020 စီမံချက်များအရ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ၊ လာမည့် ACW Work Plan 2021-2025 ရေးဆွဲ စီစဉ် ဆောင်ရွက်မှုများ၊
နေပြည်တော်၊ ၁၄.၁၂.၂၀၂၀ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ အမျိုးသားအဆင့် လူမှုသဟဇာတ ဖြစ်မှု မူဘောင်(National Framework on Social Cohesion-NFSC)ရေးဆွဲရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို (၁၄.၁၂.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁:၀၀)နာရီအချိန်တွင် Zoom Appalication အသုံးပြု၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လူမှုဝန်ထမ်းဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ NFSC ရေးဆွဲရေးနှင့်ပတ်သက်၍ စတင်ဖြစ်ပေါ်လာခဲ့မှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် Core Group ဖွဲ့စည်း ဆောင်ရွက်မှုအခြေအနေ၊ Paung Sie Facility၊ Football United တို့နှင့်ရှေ့ဆောင်ရွက် မည့်အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဒီဇင်ဘာ ၁၄ ၊ နေပြည်တော် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပြည်သူလူထုအခြေပြု COVID – 19 ကာကွယ်ထိန်းချုပ်ရေး အထူးစီမံချက်တွင် ချိတ်ဆက်ပူးပေါင်း ကူညီဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး၌ Video Conferencing စနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။