ဧပြီ(၂၆)ရက်နေ့၊  နေပြည်တော်
    လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူမှုရေးပင်စင် ထောက်ပံ့ခြင်းအစီအစဉ်နှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးအား (၂၆.၄.၂၀၂၁)ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် Zoomမှတစ်ဆင့် ပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ လူမှုဝန်ထမ်းဦးစီးမှူးများ တက်ရောက်ခဲ့ပါသည်။

၄ မတ်လ၊ နေပြည်တော်
        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ယင်းဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြ ပါသည်။

၂၆.၂.၂၀၂၁၊ နေပြည်တော်
    သက်ကြီးရွယ်အိုများဆိုင်ရာနည်းဥပဒေများ(မူကြမ်း) ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ဒီကနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊  ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။