ဇွန်လ ၁၀ ၊ နေပြည်တော်
လူမှုရေးပညာတက္ကသိုလ် (Social Work Institute) တည်ထောင်ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။ 

ဇွန်လ ၂၊ နေပြည်တော်
    ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး(၂/၂၀၂၁)ကို ယနေ့နံနက်ပိုင်းက   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ စုပေါင်း အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့ပါ သည်။ 

      စစ်ကိုင်းတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ( ၁- ၆-၂၀၂၁ )ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးက ၂၀၁၉-၂၀၂၀ ခုနှစ်နှင့် ၂၀၂၀-၂၀၂၁ ခုနှစ် အတွင်း ဆောင်ရွက်ခဲ့သော ကလေးသူငယ်အရေးကိစ္စများနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြခဲ့ပါသည်။

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းဦးသည် တောင်ကြီး မူလတန်းကြိုကျောင်းတွင် ပြုလုပ်သော ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ပြီး သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ပါသည်။

နေပြည်တော်၊ ၂၇.၅.၂၀၂၁ ASEAN High-Level Cultural Forum on Promoting an Adaptive ASEAN Community of Greater Understanding, Tolerance and a Sense of Regional Agendas Among the Peoples ASEAN အား (၂၇.၅.၂၀၂၁) ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီ မှ (၁၅:၀၀) နာရီထိ Virtually ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး(SOMSWD)၏ ကိုယ်စားလှယ်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့် သက်ဆိုင်ရာ ဘာသာရပ်တာဝန်ခံများ တက်ရောက်ခဲ့ပါသည်။

၂၁.၅.၂၀၂၁

ရှမ်းပြည်နယ်(အရှေ့)၊ မိုင်းဆတ်ခရိုင်လူမှုဝန်ထမ်းရုံး၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သောင်းသောင်းအေးမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် (ဇန်နဝါရီ၊ဖေဖော်ဝါရီ၊မတ်) အတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးကိုမိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ ကျတီကျေးရွာအုပ်စုမှ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား(၈)ဦးနှင့် တန့်ဆိုင်ကျေးရွာအုပ်စုမှဘိုးဘွား(၂)ဦးအားရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အတူအိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ခဲ့ပါသည်။

(၁၂.၅.၂၀၂၁) ရက်နေ့၌ ရှမ်းပြည်နယ်(အရှေ့)၊ မိုင်းဆတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံးခန်းတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါသည်။