စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့    ၂၉.၆.၂၀၂၁
လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအသိပညာပေးသင်တန်းကိုစစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ၌ (၂၉-၆-၂၀၂၁)ရက်နေ့တွင် ကျင်းပခဲ့ရာမိခင်နှင့်ကလေးပြုစုစောင့်ရှောက်ရေးအသင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးမှူးရုံး၊ ကြက်ခြေနီအသင်း၊ မီးသတ်တပ်ဖွဲ့မှကိုယ်စားလှယ်စုစုပေါင်း(၃၄)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး(၇)ရပ်နှင့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်အကြောင်းကိုတက်ရောက်လာသည့် ဌာန၊ အဖွဲ့အစည်းများကြားပူးပေါင်းလာမှုအားကောင်းစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့   ၂၉.၆.၂၀၂၁
(၂၉.၆.၂၀၂၁)ရက်နေ့တွင် ရွှေဘိုမြို့နယ် အမျိုးသမီးကော်မတီအစည်းအဝေးအား မြို့နယ်စီမံအုပ်ချုပ်ရေးရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဝင် (၁၁)ဦး တက်ရောက်ခဲ့ပါသည်။အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌကိုယ်စား တာဝန်ရှိသူ တစ်ဦးမှအဖွင့်အမှာစကားပြောကြားခြင်းကော်မတီအတွင်းရေးမှူးမှလုပ်ငန်းဆောင်ရွက်ချက်များ တင်ပြခြင်းနှင့် တက်ရောက်လာကြသောကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။
 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့  ၂၄.၆.၂၀၂၁
လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုသင်တန်းကို သင်တန်းသား(၂၈)ဦးဖြင့်(၂၄.၆.၂၀၂၁)ရက်နေ့တွင် ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံး ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၈.၆.၂၀၂၁
အခြေခံလူမှုဝန်ထမ်းလုပ်ငန်းသင်တန်းကို သင်တန်းသား(၂၉)ဦးဖြင့်(၈.၆.၂၀၂၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့  ၇.၆.၂၀၂၁
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေးသင်တန်းကိုသင်တန်းသား(၃၁)ဦးဖြင့်(၇.၆.၂၀၂၁)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၄.၆.၂၀၂၁
မိုဘိုင်းဖုန်းအသုံးပြုသည့် ငွေကြေးဝန်ဆောင်မှုနှင့်ပတ်သက်သော ဒစ်ဂျစ်တယ်နည်းပညာတတ်မြောက်မှုသင်တန်းကို သင်တန်းသား(၄၀)ဦးဖြင့်(၄.၆.၂၀၂၁)ရက်နေ့တွင်မြစ်ကြီးနားမြို့ အောင်မင်္ဂလာသူခ ဘုန်းကြီးကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။