ရွှေဘိုမြို့
(၆.၇.၂၀၂၁)ရက်နေ့တွင် မြန်မာ့ရိုးရာမုန့်လုပ်နည်းသင်တန်းအား သင်တန်း သား (၂၀)ဦးဖြင့် ရွှေဘိုခရိုင်လူမှုဝန်ထမ်းရုံး၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

(၇.၇.၂၀၂၁)ရက်နေ့တွင် ပန်းအလှပြင်သင်တန်းအား သင်တန်းသူ(၂၀)ဦးဖြင့် ရွှေဘိုခရိုင်လူမှုဝန်ထမ်းရုံး၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

 

၆.၇.၂၀၂၁    နေပြည်တော်
မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ လူကိုယ်တိုင်တက်ရောက်၍လည်းကောင်း၊ Onlineမှတက်ရောက်၍လည်းကောင်း ပုံစံ(၂)မျိုးဖြင့် ပေါင်းစပ်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 

၅.၇.၂၀၂၁  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့
မုံရွာမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲကိုမုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် (၅-၇-၂၀၂၁)ရက်နေ့၌ ကျင်းပခဲ့ပါ သည်။ ဟောပြောပွဲသို့  မြို့နယ်ထွေထွေအုပ်ချုပ်ရးဦးစီးဌာနနှင့် ရပ်ကွက်/ကျေးရွာဥက္ကဋ္ဌ (၃၈)ဦးတက် ရောက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် မုံရွာမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌကအဖွင့်အမှာစကားပြောကြားပြီးအတွင်းရေးမှူးကကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ 

ကရင်ပြည်နယ်အမျိုးသမီးကော်မတီအစည်းအဝေးကို (၂-၇-၂၀၂၁) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ပြီး ပြည်နယ်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီးအတွင်းရေးမှူးက ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီ များ ပြင်ဆင်ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ ပြည်နယ်အမျိုးသမီးကော်မတီ၏ လုပ်ငန်းတာဝန် များ၊  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာဖြစ်ရပ်များအပေါ် ဖြေရှင်းဆောင်ရွက်မှုများအားရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့

၉.၆.၂၀၂၁    
ကရင်ပြည်နယ်၊ ဘားအံခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးနှင့် ဘားအံခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ

၃.၇.၂၀၂၁    နေပြည်တော်
၂၀၂၁ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့် အညီ ကျင်းပသည်။