ဩဂုတ်လ(၆)ရက်၊ နေပြည်တော်
သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုတည်မြဲအမိန့်(၂၀၀၉)ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ရေးဆွဲနိုင်ရေးဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက Online Platform ဖြင့်ဆောင်ရွက်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များတက်ရောက်ဆွေးနွေးကြပါသည်။