၂၈ စက်တင်ဘာ ၂၀၂၁
        လူမှုဝန်ထမ်းဦးစီးဌာနနှင့် Association Francois- Xavier Bagnoud (AFXB)အဖွဲ့တို့အကြား နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရေးအတွက် ရှင်းလင်းတင်ပြခြင်းဆိုင်ရာအစည်းအဝေးအား ယနေ့ နံနက်ပိုင်းတွင်   ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

၁၃.၉.၂၀၂၁၊ နေပြည်တော်
             လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ (၁၃-၉-၂၀၂၁) ရက်နေ့မွန်းလွဲပိုင်းတွင် ကျင်းပသော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ် အကြံပြုချက်များနှင့် ပတ်သက်၍ ဆွေးနွေးခြင်းအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဦးစီးဌာနမှ  အရာထမ်းများ တက်ရောက်ခဲ့ပါသည်။ 

(၇.၉.၂၀၂၁) ရက်နေ့၊ နေပြည်တော်

          လူမှုဝန်ထမ်းဦးစီးဌာန၊ သင်တန်းကျောင်းများတွင် သက်မွေးသင်တန်းများဖွင့်လှစ်နိုင်မှု အခြေအနေနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၇.၉.၂၀၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့ပါသည်။

၃-၉-၂၀၂၁၊ နေပြည်တော်
          တပ်မတော်မှ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိ ခဲ့သော ဆေးအဆင့်နိမ့် အီးအေ(၁/၂) အရာရှိများအား နယ်ဘက်ဝန်ကြီးဌာန/ အဖွဲ့အစည်းများသို့ လွှဲပြောင်းတာဝန်ထမ်းဆောင်နိုင်ရေး ဘုတ်အဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ဘုတ်အဖွဲ့ဝင်များ၊ အီးအေ(၁/၂) အရာရှိများတက်ရောက်ခဲ့ကြပါသည်။

သတင်းစဉ်

နေပြည်တော်၊ သြဂုတ် ၃၀

          အာဆီယံလူငယ်ဆိုင်ရာဖွံ့ဖြိုးမှုအညွှန်းကိန်းများအစီအစဉ် (၂) (ASEAN Youth Development Index Phase II) မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကို (၃၀.၈.၂၀၂၁) ရက် နေ့၊နံနက်(၀၈:၃၀)နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့ပါသည်။