လားရှိုးမြို့၊ ၁၄.၈.၂၀၂၀ ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် IDP စခန်းများရှိ ပြည်သူများနှင့် ဘိုးဘွားများ၊ မသန်စွမ်းများအား COVID 19 စီးပွားရေး ကုစားမှုအစီအစဉ်အရ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခဲ့ပါသည်။

ဩဂုတ်လ ၁၃ ရက်၊ မြစ်ကြီးနား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ပြည်နယ် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ပြည်ထောင်စုသဘောတူ စာချုပ်ပါ လူမှုရေးကဏ္ဍအခြေခံမူ သဘောတူ ညီချက်များ အကောင်အထည်ဖော်မှုနှင့် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဆိုင်ရာ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခဲ့ပါသည်။

နေပြည်တော်၊ ၁၃ ဩဂုတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မှဆောင်ရွက်လျက်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ် (Maternal and Child Cash Transfer Program – MCCT) အား ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလမှစတင်၍ ထောက်ပံ့နိုင်ရန်အတွက် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှု ပေးသည့် သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို နေပြည်တော်ရှိ M Gallery ဟိုတယ်တွင် ကျင်းပခဲ့ပါသည်။

နေပြည်တော်၊ ဩဂုတ် ၁၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ ယခင် MCCTအစီအစဉ် ဆောင်ရွက်လျက်ရှိသော ဒေသများတွင် ပါဝင်ခြင်းမရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး(၉)ခုရှိ ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့မှုအစီအစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် အစီအစဉ်နှင့်ပတ်သက်၍ သတင်းမီဒီယာများအား အသိပေးခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဩဂုတ်  ၁၁ ၊ နေပြည်တော်
    ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များ နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် လူငယ်တို့၏ပူးပေါင်းဆောင်ရွက်မှု စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ အွန်လိုင်းစနစ် အခမ်းအနားဖြင့်ပြုလုပ်ရာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။

နေပြည်တော်၊ ၆.၈.၂၀၂၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့် WAVE MONEY (DIGITAL MONEY MYANMAR) တို့အကြား ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်၏ ၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်၌ အကျုံးဝင်သည့် အကျိုးခံစားခွင့် ရှိသူများထံသို့ Electronic Cash Transfer (ECT)ဖြင့် အစီအစဉ်ထောက်ပံ့ငွေကြေး လွှဲပြောင်းပေးအပ်ခြင်းလုပ်ငန်းအတွက် ပူးပေါင်းဆောင်ရွက်ရန် ဒေါ်ခင်မေနု၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့် Mr. Neil Waller၊ Chief Risk Officer ၊Wave Money Myanmar တို့ သည် (၆-၈-၂၀၂၀) ရက်နေ့ ၊ နံနက် (၁၁း၃၀) အချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးခန်းတွင် လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နေပြည်တော်၊ ၆.၈.၂၀၂၀ ကမ္ဘာ့နိုင်ငံများအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် Universal Periodic Review(UPR) နှင့်ပတ်သက်၍ အမျိုးသားအဆင့်စတုတ္ထအကြိမ် အစီရင်ခံစာ (မူကြမ်း) အပေါ် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စုစည်း တင်ပြဆောင်ရွက်ရသည့် အချက်အလက်များ ပိုမိုတိကျခိုင်မာအားကောင်းစေရေး သုံးသပ်ခြင်း အစည်းအဝေးကို အဆိုပါဝန်ကြီးဌာန၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
နေပြည်တော်၊ ၅.၈.၂၀၂၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Covid-19 လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ကူညီသော ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (WFP) တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်းကို ယနေနံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ပါသည်။
နေပြည်တော်၊ ၂၈.၇.၂၀၂၀ “အပြည်ပြည်ဆိုင်ရာလူငယ်များနေ့” အထိမ်းအမှတ် အခမ်းအနားကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးဦးစိုးအောင်က ၂၀၂၀ပြည့်နှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာနတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေသည့်အခြေအနေများ၊ COVID-19 ကပ်ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်၍ အခမ်းအနားကို Online စနစ်ဖြင့်သာ ကျင်းပနိုင်ရေး စီစဉ်ထားမှုများကို ဆွေးနွေးပြောကြား ခဲ့ပါသည်။