နေပြည်တော်၊ ၁၄.၉.၂၀၂၀ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ(၁/၂၀၂၀) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
နေပြည်တော်၊ ၁၁.၉.၂၀၂၀ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ တိုင်းဒေသကြီး/ ပြည်နယ်(၉)ခုရှိ မသန်စွမ်းသူများနှင့် ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ Online စနစ်ဖြင့်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။
စက်တင်ဘာ ၉၊ နေပြည်တော် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ အတွင်းရှိ ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက Online အခမ်းအနားဖြင့်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
စက်တင်ဘာ ၉၊ နေပြည်တော် မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဆောက်လုပ်လှူဒါန်းသည့် နေပြည်တော်ကလေးပြုစုရေးဌာနအဆောက်အဦကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
စက်တင်ဘာ ၈ ၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ကချင်ပြည်နယ်နှင့် ကယား ပြည်နယ်အတွင်းရှိ ဂေဟာ/ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခြင်းကို Online အခမ်းအနားဖြင့် ကျင်းပရာတွင် တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။
စက်တင်ဘာ ၇၊ နေပြည်တော် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၂/၂၀၂၀)အစည်းအဝေးအား ယနေ့ နံနက် (၉:၃၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ Virtual အစည်းအဝေးအဖြစ် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသည့်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
နေပြည်တော်၊ ၅.၉.၂၀၂၀ မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄) ပါ ဒေသအလိုက် ဦးစားပေး ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
နေပြည်တော်၊ ၄.၉.၂၀၂၀ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထောက်ပံ့မှု တစ်ကြိမ် မရရှိသေးသော မသန်စွမ်းသူများအား နိုင်ငံတော်အစိုးရ၏ COVID - 19 စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ငွေကြေးလွှဲပြောင်းထောက်ပံ့ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
နေပြည်တော်၊ ၂၇.၈.၂၀၂၀ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းစီမံချက် အတည်ပြုရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။
နေပြည်တော်၊ ၁.၉.၂၀၂၀ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်အတွင်း COVID – 19 လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ကြသည့် ဒေသခံစေတနာ့ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်း (ဆင့်ပွား) သင်တန်း (Online Training) သင်ကြားခြင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ပူးပေါင်း၍ ယနေ့ဆောင်ရွက်ခဲ့ကြပါသည်။