ဖေဖော်ဝါရီ ၁၀ ၊ နေပြည်တော် မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်ခဲ့ကြ ပါသည်။
နေပြည်တော်၊ ၆.၂.၂၀၂၀ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
နေပြည်တော်၊ ၅.၂.၂၀၂၀ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ(LIFT) အဖွဲ့၏ Fund Director ဖြစ်သူ Katy Weblay ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
နေပြည်တော်၊ ၄.၂.၂၀၂၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် (MCCT) အကောင်အထည်ဖော်မှုဆိုင်ရာဆန်းစစ်ချက် အစီရင်ခံစာ မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ Kempinski ဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
နေပြည်တော်၊ ၃၁.၁.၂၀၂၀ လူငယ်ရေးရာမူဝါဒ နှင့်ပတ်သက်၍ ကယားပြည်နယ်၊ လူငယ်များ သမဂ္ဂအဖွဲ့လူငယ်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်စကားပြောကြားရာ၌ ဝန်ကြီးဌာနအနေဖြင့် လူငယ်များနှင့် မကြာခဏ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပါကြောင်း၊
ရန်ကုန်၊ ၂.၂.၂၀၂၀ ရန်ကုန်တိုင်းဒေသကြီး၊ကော့မှူးမြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသို့ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှု၍ သင်တန်း ကျောင်းရှိ ကလေးသူငယ်များနှင့် လူငယ်များအား အားပေးစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းရှိ သင်တန်းသားများနှင့် တွေ့ဆုံရာ၌ မိမိတို့နိုင်ငံ သည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းနေဆဲ ကာလဖြစ်ပါကြောင်း၊
နေပြည်တော်၊ ၃၁.၁.၂၀၂၀ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး H.E. Mr. Francois Lafreniere ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
ရန်ကုန်၊ ၃၀.၁.၂၀၂၀ ဖိလစ်ပိုင်နိုင်ငံတွင် (၁၈.၁.၂၀၂၀)ရက်နေ့မှ (၂၅.၁.၂၀၂၀)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် မသန်စွမ်းသူများအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မသန်စွမ်းအားကစား သမား (၁၅၇)ဦးအား အာဟာရဖြည့်တင်းရန် အတွက် ထောက်ပံ့ကြေးငွေ ၄,၇၁၀,၀၀၀/- (ကျပ်လေးဆယ့်ခုနှစ်သိန်းတစ်သောင်း တိတိ)အား မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်သို့ (၃၀.၁၂.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ပြီး ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။