ဇန်နဝါရီ ၁၁ ၊ ရန်ကုန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရန်ကုန်မြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းမှမွေးဖွားသော အသက်(၂)အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ်တွင် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှု (Child Development) နှင့်ပတ်သက်၍ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်မည့်လုပ်ငန်းစဉ်ညှိနှိုင်းခြင်းနှင့် ပြန်လည်ထူထောင်ရေးစခန်း၌ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းသို့ သွားရောက်ကြည့်ရှုခြင်းများကို ဆောင်ရွက် ခဲ့ပါသည်။