နယူးဇီလန်၊ ၁၀-၁၂-၂၀၁၉ နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့သို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးဦးဆောင်သော မြန်မာကိုစားလှယ်အဖွဲ့သည် နယူးဇီလန်နိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဝန်ကြီး Hon Carmel Sepuloni နှင့် ယနေ့တွေ့ဆုံခဲ့သည်။
ကော့သောင်းမြို့၊ ၁၀-၁၂-၂၀၁၉ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရွှေ့ပြောင်းမှုကြောင့် ထိခိုက်နစ်နာသည့် ကလေးသူငယ် များအား ကာကွယ်စောင့်ရှောက်ရေးပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရေး အဆင့်မြင့်အရာရှိအစည်းအဝေးကို (၁၁.၁၂.၂၀၁၉)ရက်နေ့မှ(၁၂.၁၂.၂၀၁၉)ရက်နေ့အထိ ကျင်းပမည် ဖြစ်သောကြောင့် ကော့သောင်းမြို့၌ အရပ်ဖက်အဖွဲ့အစည်းများနှင့် ကြိုတင်တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ကော့သောင်းမြို့ရှိ Victoria Cliff Hotel and Resort ၌ ကျင်းပရာ ပြန်လည်ထူထောင်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးဝင်းနိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဒီဇင်ဘာလ ၁၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ နာဂိုယာမြို့တွင် မြန်မာနိုင်ငံအစိုးရမှ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် Mr.Toshio Nishimura ဦးဆောင်သောအဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ပညာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများအား ပိုမိုထိရောက်စွာနှင့် ပိုမိုကျယ်ပြန့်စွာ
ဒီဇင်ဘာ ၉ ၊ နယူးဇီလန် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ဖိတ်ကြားချက်အရ နယူးဇီလန် နိုင်ငံ၊ ဝယ်လင်တန်မြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် နယူးဇီလန်နိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတွင် ယနေ့နံ့နက်ပိုင်း၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်တို့နှင့်ပတ်သက်၍ လေ့လာဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

ဒီဇင်ဘာ ၈၊ နေပြည်တော်
    မသန်စွမ်းအထူးပညာရေးကျောင်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် ပုဂ္ဂလိကပညာသင် အထူးကျောင်း/ ပုဂ္ဂလိကပြန်လည်ထူထောင်ရေးဌာန တည်ထောင်ခြင်းဆိုင်ရာ စည်းကမ်းချက် များကို ထပ်မံဖြည့်စွက်ဆွေးနွေးခြင်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလလ (၆)ရက်နေ့ မွန်းလွဲပိုင်း က ကျင်းပခဲ့ပါသည်။

၇.၁၂.၂၀၁၉၊ နေပြည်တော်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသား အဆင့် လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်ကိုအခြေခံ၍ အာဟာရ၊ ကျန်းမာရေး ဆိုင်ရာနှင့် ဆင်းရဲမှုအခြေအနေ အညွှန်းကိန်းများမြင့်မားနေသော ချင်းပြည်နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ အတွက် ငွေကြေးအထောက်အပံ့ပေးသည့် (MCCT)အစီအစဉ် စတင်အကောင်အထည်ဖော်ခဲ့ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရခိုင်ပြည်နယ်တို့တွင်တိုးချဲ့ ဆောင်ရွက်ခဲ့ပါသည်။

ဒီဇင်ဘာ ၇၊ နေပြည်တော်
    အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု ထာဝရဖဲကြိုးဖြူ အသိပညာပေးအစီအစဉ်အခမ်းအနားကို ယမန်နေ့ညနေပိုင်းက နေပြည်တော် Park Royal ဟိုတယ်၌  မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ ပါသည်။

ဒီဇင်ဘာ ၆ ၊ ဟနွိုင်း
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ၄.၁၂.၂၀၁၉ မှ ၆.၁၂.၂၀၁၉ ထိ ကျင်းပပြုလုပ်သည့် ၂၀၁၉ အာရှ-ပစိဖိတ် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ညီလာခံသို့ ၄.၁၂.၂၀၁၉နေ့ နံနက်ပိုင်းတွင် ပထမနေ့အဖြစ် တက်ရောက်ခဲ့ပါသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၆
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား  JICA၏ အကူအညီဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန တွင် တာဝန်ထမ်းဆောင်မည့် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်သူ Mr.Seishi Nabesaka ဦးဆောင်သောအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ရန်ကုန်၊ နိုဝင်ဘာလ(၃၀)ရက်
    မြန်မာ − အာဆီယံအမျိုးသမီးများချစ်ကြည်ရေးအသင်း (Myanmar ASEAN Women’s Friendship Association) က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး သက်မွေးအတက်ပညာကျောင်းသို့ အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း၌ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။