နိုဝင်ဘာ၊ ၁၃၊ နေပြည်တော်
ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အမှတ်၊ ၂၁၀၆၊ အပိုဒ် (၁၀) အရ အကောင်အထည်ဖော်ရမည့် အချက် (၃) ချက်နှင့် ပူးတွဲကြေညာချက် (Joint Communique) ပါ ဦးစားပေးကဏ္ဍ (၆) ရပ်တို့အပေါ် အခြေတည်၍ ရေးဆွဲထားသော အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။