နေပြည်တော်၊ ၁.၁၀.၂၀၁၉ ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC-2) ၌ ကျင်းပသည်။ အခမ်းအနားတွင် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ယခင်နှစ်များနည်းတူ မိမိတို့မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမိသားစုဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ သက်ကြီးရွယ်အိုများ၏ လူမှုအဖွဲ့အစည်းအပေါ် အကျိုးပြုခဲ့ခြင်းများကို ကျေးဇူးပြုသောအားဖြင့်လည်းကောင်း၊
နေပြည်တော်၊ ၃.၁၀.၂၀၁၉ ကိုရီးယားသမ္မတနိုင်ငံသို့ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ဆိုးလ်မြို့၊ Westin Chosun ဟိုတယ်တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ လုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပ ညီလာခံ ပိတ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။ညီလာခံသို့ အာရှနှင့်ဥရောပနိုင်ငံများမှ သက်ကြီးရွယ်အိုနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေသော ဝန်ကြီးဌာနများမှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ASEM Global Ageing Centre မှတာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ကြီးရွယ်အို ကိစ္စ ရပ်များဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂအေဂျင်စီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် လူမှုရေးအဖွဲ့အစည်းများတက်ရောက်၍ မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များ၊ အကြံဉာဏ်များနှင့် အတွေ့အကြုံများကို မျှဝေခဲ့ကြပြီးနောက် ကိုရီးယားအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌက ညီလာခံပိတ်ပွဲတွင် အမှာစကားပြောကြားပြီး အခမ်းအနားကိုအောင်မြင်စွာရုတ်သိမ်းပေးခဲ့ပါသည်။
နေပြည်တော်၊ ၁.၁၀.၂၀၁၉ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၁)ရက် နေ့က ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုလ်းမြို့တွင် ကျင်းပသော စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပ ညီလာခံ သို့ တက်ရောက်ခဲ့ပါသည်။
ရန်ကုန်၊ ၂၉-၉-၂၀၁၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူး ရုံးတွင်ကျင်းပပြုလုပ်သော သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများဖော်ဆောင်ရေး သက်ကြီး ရွယ်အိုများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ရေး တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
နေပြည်တော်၊ ၂၈-၉-၂၀၁၉ ပထမအကြိမ် မြန်မာနိုင်ငံယောဂအသင်း၏ နှစ်ပတ်လည်လှုပ်ရှားမှု အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ တုံဂပူရီဟိုတည်၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံယောဂအသင်းမှ တာဝန်ရှိသူတစ်ဦး တို့က ဖယောင်းတိုင်းမီးထွန်းညှိ၍ ဖွင့်လှစ်ပေးခဲ့ကြပါသည်။
နေပြည်တော်၊ ၂၇-၉-၂၀၁၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး World Vision International Myanmar မှ တာဝန်ရှိသူ များအား ဝန်ကြီးဌာန၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

စက်တင်ဘာ၊ ၂၅ နေပြည်တော်
    နေပြည်တော်လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသော ပြည်ထောင်စုနယ်မြေ အတွင်းရှိ လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကျယ်ပြန့်အားကောင်းစွာ ဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ ရှင်းလင်းခြင်းကို ပျဉ်းမနားမြို့၊ သုခစိုးခန်းမ၌  ယနေ့နံနက်ပိုင်းကကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။    

ပဲခူး၊ ၂၂.၉.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအားလုံးအတွက် ကနဦး ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများအတွက် အစိုးရကချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီအောင် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိကြောင်း၊
မုံရွာ၊ ၂၁.၉.၂၀၁၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ ရွှေစည်းခုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုပြီး အလှူငွေများ လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် အရှေ့လေးထပ် စာသင်တိုက်ရှိ ဆရာတော်အား ဖူးမြော် ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ပြင်ဦးလွင်၊ ၂၁.၉.၂၀၁၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက ပြင်ဦးလွင်ခရိုင်အတွင်းရှိ သက်ကြီးရွယ်အိုများ ပါဝင်သော လူမှုအားမာန်အဖွဲ့များနှင့်တွေ့ဆုံထောက်ပံ့ခြင်း အခမ်းအနားကို အင်းပုတ်ကျေးရွာ၌ ကျင်းပခဲ့ပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာအရ သက်ကြီးသူများဦးဆောင်သော